ငါတို့သည်ထောင်ထဲတွင်အကျဉ်းခံရ၍ စိတ်ကျိုးပဲ့ကြေမွလျက်ရှိသောအခါ ကိုယ်တော်သိတော်မူပါ၏။
ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။ အကျဉ်းခံနေရသောမိမိ၏လူစုတော် အား မေ့လျော့တော်မမူပါ။
အကျဉ်းသားတို့၏ညည်းညူသံများကို နားထောင်တော်မူ၍သေဒဏ်သင့်သူတို့အား ကိုယ်တော်ရှင်၏မဟာတန်ခိုးတော်ဖြင့် လွတ်မြောက်စေတော်မူပါ။
မြို့များကိုပျက်ပြုန်းစေ၍ကမ္ဘာလောက ကို သဲကန္တာရဖြစ်စေသူကားဤသူပင်လော။ အကျဉ်းသမားတို့ကိုအစဉ်ချုပ်နှောင်ထား ကာ မိမိတို့နေရပ်သို့ပြန်၍မလွှတ်ဘဲနေ သူကားဤသူပင်လော'' ဟုမေးမြန်းကြ လိမ့်မည်။
အကျဉ်းကျလျက်နေသူတို့အား`လွတ်လပ်စွာ ထွက်ခွာသွားကြလော့' ဟူ၍လည်းကောင်း၊ မှောင်မိုက်တွင်ရှိနေသူတို့အား`အလင်းသို့ ဝင်ကြလော့' ဟူ၍လည်းကောင်းငါပြောမည်။ သူတို့သည်တောင်ကုန်းများပေါ်တွင်ပင် ကျက်စားလျက်နေသော သိုးများနှင့်တူလိမ့်မည်။
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခြင်္သေ့များကိုက်သဖြင့် ကွဲလွင့်သွား သည့်သိုးများနှင့်တူကြ၏။ ဦးစွာပထမ အာရှုရိဘုရင်သည်သူတို့အားတိုက်ခိုက်၏။ ထိုနောက်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကသူတို့၏အရိုးများကိုတတိတိကိုက် ဖဲ့လေသည်။-
ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲစေ၍ ဝေဒနာခံစားစေသော်လည်းနှစ်မြို့တော်မမူပါ။
ကိုယ်တော်သည်မိမိပေးထားသည့်ရပိုင်ခွင့် များကို ငါတို့ဆုံးရှုံးရကြသောအခါ၌လည်း သိတော်မူပါ၏။