မြည်တမ်းစကား 3:17Common Language Bibleငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။ အခန်းကိုကြည့်ပါ။ |
တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။