မြည်တမ်းစကား 1:4Common Language Bibleနေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။ ဗိမာန်တော်တွင်သီချင်းဆိုသူ အမျိုးသမီးပျိုတို့သည်ဝမ်းနည်းကြေကွဲလျက် ရှိကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်းညည်းတွားမှုမှ တစ်ပါး အဘယ်သို့မျှမပြုနိုင်။ မြို့တံခါးများသည်လူဆိတ်ညံလျက်နေ၏။ ဇိအုန်မြို့သည်ဝေဒနာခံစားနေရသည်။ အခန်းကိုကြည့်ပါ။ |
``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။''