မြည်တမ်းစကား 1:14Common Language Bible``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။'' အခန်းကိုကြည့်ပါ။ |
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် လူမျိုး တကာတို့အပေါ်သို့သံထမ်းပိုးကိုတင် တော်မူမည်ဖြစ်၍ ထိုသူတို့သည်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာ၏အစေကိုခံရကြ လိမ့်မည်ဟုမိန့်တော်မူလေပြီ။ ထာဝရဘုရား ကတောတိရစ္ဆာန်များအားပင်လျှင်နေဗုခဒ် နေဇာ၏အစေကိုခံစေမည်ဟုမိန့်တော်မူ လေပြီ'' ဟုပြောကြားရန်စေခိုင်းတော်မူ၏။-
ဇေဒကိသည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်ခြင်း ကိုခံရ၍ သူ့အားငါမစီရင်မချင်းထိုမြို့ တွင်နေရလိမ့်မည်။ သူသည်ဗာဗုလုန်အမျိုး သားတို့အားပြန်လှန်၍ပင်တိုက်ခိုက်စေကာ မူအောင်မြင်လိမ့်မည်မဟုတ်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏ ဟုမိန့်တော်မူကြောင်းအဘယ့်ကြောင့်ဟော ပြောကြေညာရသနည်း'' ဟုပြစ်တင် စွပ်စွဲ၏။
ထိုကြောင့်ငါ့လက်ကိုဆန့်လျက်သင်တို့အား လုယက်တိုက်ခိုက်ကြစေရန် အခြားလူမျိုး တို့၏လက်သို့ငါပေးအပ်မည်။ ငါသည်သင် တို့အားလုံးဝပျက်စီးအောင်စီရင်မည်ဖြစ်၍ သင်တို့သည်ကိုယ်ပိုင်ပြည်နှင့်နေရကြတော့ မည်မဟုတ်။ လူမျိုးတစ်မျိုးအနေဖြင့်လည်း ရပ်တည်နိုင်ကြတော့မည်မဟုတ်။ ထို အခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းသင်တို့သိရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-