Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မိက္ခာ 7:7

Common Language Bible

ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော် နေ​မည်။ ငါ့​ကို​ကယ်​တင်​မည့်​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​စိတ်​ချ​စွာ​စောင့်​နေ​မည်။ ငါ ၏​ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

``အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​သည် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို စောင့်​မျှော်​လျက်​ရှိ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​သူ​တို့​အား​မေတ္တာ​ပြ​လျက် သူ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော်​လည်း သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု ကြ​ပါ​၏။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကို စောင့်​မျှော်​လျက်​နေ​၏။ ကိုယ်​တော်​၏​က​တိ​တော်​ကို​ယုံ​ကြည်​ကိုး​စား​ပါ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် ဖြစ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ သမ္မာ​တ​ရား​တော်​အ​တိုင်း​ပြု​မူ​ကျင့်​ကြံ တတ်​ရန် သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို အ​စဉ်​ကိုး​စား​လျက်​နေ​ပါ​၏။

ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​ကို​သည်း​ခံ​၍ စောင့်​မျှော်​လော့။ ကောင်း​စား​သူ​တို့​ကြောင့်​လည်း​ကောင်း၊ အ​ကြံ​အ​စည်​အောင်​မြင်​သော ဆိုး​ညစ်​သူ​တို့​ကြောင့်​လည်း​ကောင်း​ပူ​ပင်​သော​က မ​ဖြစ်​နှင့်။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​မည်​ဖြစ်​ပါ​၏။

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။

``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည်​မိ​မိ​တို့​အား​ကူ​မ​တော်​မူ​ရန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​တော် မူ​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော​ဖန်​ဆင်း တော်​မူ​ရှင်​ကို​ဖူး​မြော်​ကြ​လိမ့်​မည်။-

ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``ကိုယ်​တော်​သည်​ငါ​တို့​၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ကိုယ်​တော်​က​လည်း​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​ကား ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ငါ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တင်​တော် မူ​ပြီ​ဖြစ်​၍​ယ​ခု​အ​ခါ ငါ​တို့​သည်​ဝမ်း မြောက်​ကြည်​နူး​ရွှင်​မြူး​အား​ရ​ကြ​ပေ သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။ တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား မျက်​နှာ​တော်​ကို​မ​ပြ​ဘဲ​နေ​တော်​မူ သော်​လည်း၊ ငါ​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် အား​ထား​စောင့်​စား​မျှော်​ကိုး​ပါ​မည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။

အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည် အ​ကျွန်ုပ်​တို့​အား​ပြင်း​စွာ​အ​လျှံ​ထ လျက်​ရှိ​သော​မီး​ဖို​ကြီး​ထဲ​မှ​လည်း​ကောင်း၊ အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ်​နိုင် လျှင်​လည်း​ကယ်​တော်​မူ​မည်။-

ထို့​ကြောင့်​ယာ​ကုပ်​အ​နွယ်​ဝင်​တို့၊ သင်​တို့ ၏​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၍​အ​ထံ တော်​သို့​ပြန်​ကြ​လော့၊ သစ္စာ​စောင့်​လော့၊ ဖြောင့် မတ်​စွာ​ကျင့်​လော့၊ သင်​တို့​၏​ဘု​ရား​သ​ခင် ကို​စိတ်​ရှည်​စွာ​စောင့်​စား​လျက်​နေ​ကြ​လော့။

စား​ကျက်​များ​နှင့်​သစ်​ပင်​များ​သည် မီး​သင့်​လောင်​သည့်​အ​လား​ခြောက်​သွေ့​၍​သွား​ကုန်​၏။ သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​တို့​သည်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။

ငါ​သည်​လင့်​စင်​ပေါ်​သို့​တက်​၍​မြေ​က​တုတ်​ပေါ်​မှ​စောင့်​လျက် ထာ​ဝ​ရ​ဘု​ရား​ငါ​ပြော​ရ​မည့်​စ​ကား​များ​ကို​အ​ဘယ်​သို့​မိန့်​တော်​မူ​% မည်၊ ငါ​၏​တိုင်​တန်း​ချက်​ကို​အ​ဘယ်​သို့​ဖြေ​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​၍​နေ​မည်။

ထို​အ​မှု​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​မည့်​အ​ချိန်​မ​ရောက်​သေး။ သို့​ရာ​တွင်​ငါ​ပြ​သော​အ​ရာ​များ​အ​မှန်​ဖြစ်​ပေါ်​သော​အ​ချိန်​သည်​လျင်​မြန်​စွာ​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​အ​လာ​နှေး​သည်​ဟု​ထင်​မှတ်​ရ​သော်​လည်း ဧ​ကန်​မု​ချ​ရောက်​လာ​မည်​သာ​ဖြစ်​၍​စောင့်​မျှော်​၍​နေ​လော့။ ကြန့်​ကြာ​တော့​မည်​မ​ဟုတ်။-

သို့​ရာ​တွင်​အ​မျိုး​သ​မီး​သည် ကူး​လွန်​မှု​မ​ရှိ ခဲ့​သော် ဘေး​မ​သင့်​ဘဲ​သား​သ​မီး​မွေး​ဖွား နိုင်​စွမ်း​ရှိ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ