မိက္ခာ 7:2Common Language Bibleတိုင်းပြည်ထဲတွင်ရိုးသားဖြောင့်မတ်သောသူ၊ ဘုရားသခင်အားသစ္စာစောင့်သိရိုသေသော သူဟူ၍ တစ်ယောက်မျှမရှိတော့ချေ။ လူ့ အသက်ကိုသတ်ရန်အခွင့်ကောင်းကိုလူတိုင်း စောင့်လျက်နေကြ၏။ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ကျော့ကွင်းထောင်၍ ဖမ်းတတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-
သင့်အထဲ၌သင်၏လူအချို့တို့သည်ကြေး စားလူသတ်သမားများဖြစ်ကြ၏။ အချို့ မှာမိမိတို့ဣသရေလအမျိုးသားများ အားငွေချေး၍ အတိုးကိုယူကာမိမိတို့ ကိုယ်ကိုကြွယ်ဝချမ်းသာစေကြ၏။ သူတို့ သည်ငါ့အားမေ့လျော့သွားကြလေကုန် ပြီ'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာ ဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``လူ သတ်သမားတို့၏မြို့သည်အမင်္ဂလာရှိပါ သည်တကား။ ယင်းသည်အဘယ်အခါ၌မျှ မတိုက်မချွတ်ဘဲထားသဖြင့်ချေးတက်နေ သည့်ကြေးအိုးနှင့်တူ၏။ ကြေးအိုးထဲမှ အသားတစ်များကိုမဲချနေစရာမလို ဘဲ တစ်တုံးပြီးတစ်တုံးအကုန်အစင်ထုတ် လော့။-
``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
(ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)
အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။-