မိက္ခာ 5:14Common Language Bibleငါသည်သင်တို့ပြည်တွင်ရှိသော အာရှရ နတ်သမီးတံခွန်တိုင်များနှင့် ရုပ်တုများ ကိုဖျက်ဆီးပစ်မည်။- အခန်းကိုကြည့်ပါ။ |
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။