Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မိက္ခာ 4:8

Common Language Bible

ဘု​ရား​သ​ခင်​သည်​လင့်​စင်​မှ​မိ​မိ​၏​လူ​မျိုး တော်​ကို သိုး​ထိန်း​သ​ဖွယ်​စောင့်​ရှောက်​တော်​မူ ရာ​ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​နိုင်​ငံ​တော် ၏​မြို့​တော်​ဖြစ်​ခဲ့​ဖူး​သ​ကဲ့​သို့ ယ​ခု​တစ်​ဖန် မြို့​တော်​ဖြစ်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယာ​ကုပ်​သည်​ခ​ရီး​ဆက်​ခဲ့​၍​ဧ​ဒါ လင့်​စင်​အ​လွန်​၌​စ​ခန်း​ချ​လေ​သည်။

(သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဇိ​အုန်​ခံ​တပ်​ကို သိမ်း​ယူ​နိုင်​ခဲ့​သ​ဖြင့် ယင်း​သည်​ဒါ​ဝိဒ်​မြို့ ဟု​နာ​မည်​တွင်​လာ​လေ​သည်။)

ဥ​ဇဲ​၏​သား​ပါ​လ​လ​သည်​မြို့​ရိုး​ထောင့်​နှင့် အ​စောင့်​တပ်​ဝင်း​အ​နီး​ရှိ အ​ထက်​နန်း​တော် အိုး​မှ​အ​စ​ပြု​၍​မြို့​ရိုး​နောက်​တစ်​ပိုင်း ကို​တည်​ဆောက်​၏။ ပါ​ရုပ်​၏​သား​ပေ​ဒါ​ယ​သည်​နောက်​တစ်​ပိုင်း ကို အ​ရှေ့​ဘက်​ရှိ​ရေ​တံ​ခါး​နှင့်​ဗိ​မာန်​တော် အ​စောင့်​ပြ​အိုး​အ​နီး​သို့​တိုင်​အောင်​တည် ဆောက်​လေ​သည်။ (ဤ​နေ​ရာ​သည်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​နေ​ထိုင်​ရာ ယေ​ရု​ရှ​လင် မြို့​ရှိ​သြ​ဖေ​လ​ဟု​နာ​မည်​တွင်​သော ရပ်​ကွက်​တွင်​ရှိ​သ​တည်း။)

မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော်​မူ မည်။

ထို​မြို့​တော်​၏​ခံ​တပ်​များ​အ​တွင်း​အ​ထံ တော်​တွင် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ကြောင်း​ကို​ဘု​ရား​သ​ခင် ပြ​သ​တော်​မူ​ပြီ။

ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​၏​ဘေး​မှ ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​အ​တွက်​ခိုင်​ခံ့​သော​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ​၏။

ရင်သားနှစ်ဘက်တို့သည် နှင်းတော၌ ကျက်စား သော ဒရယ်သငယ်အမွှာနှင့် တူကြ၏။

ရှေး​အ​ခါ​ကဲ့​သို့​သင့်​အား​ခေါင်း​ဆောင်​များ​နှင့် အ​တိုင်​ပင်​ခံ​အ​မတ်​များ​ကို​ငါ​ပေး​မည်။ ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​ကို​သူ​တော်​ကောင်း​တ​ရား​ပြည့်​ဝ​သည့်​မြို့၊ သစ္စာ​ရှိ​သည့်​မြို့​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

ရန်​သူ​တို့​သည်​ယ​နေ့​နော​ဘ​မြို့​တွင်​ရှိ​ကြ ၏။ သူ​တို့​သည်​ထို​မြို့​မှ​နေ​၍​ဇိ​အုန်​တောင် နှင့် ယေ​ရု​ရှ​လင်​မြို့​အား​လက်​သီး​ဆုပ်​၍ ပြ​ကြ​၏။

သူ​သည်​မြေ​ကို​တူး​ဆွ​၍​ကျောက်​ခဲ​များ​ကို ဖယ်​ရှား​ပစ်​ကာ၊ မျိုး​ကောင်း​မျိုး​သန့်​စ​ပျစ်​ပင်​များ​ကို​စိုက်​၏။ သူ​သည်​ထို​အ​ပင်​တို့​စောင့်​ကြပ်​ကြည့်​ရှု​ရန် လင့်​စင်​တစ်​ခု​ကို​တည်​ဆောက်​၏။ စ​ပျစ်​သီး​နယ်​ရန်​ကျင်း​တစ်​ခု​ကို​လည်း တူး​၏။ သူ​သည်​စ​ပျစ်​သီး​မှည့်​ချိန်​ကို​စောင့်​ဆိုင်း​လျက် နေ​၏။ သို့​ရာ​တွင်​စ​ပျစ်​သီး​မှန်​သ​မျှ​သည်​ချဉ်​၍ နေ​တော့​၏။

အ​ထက်​ဖော်​ပြ​ပါ​ဘု​ရင်​များ​နန်း​စံ​လျက် နေ​ချိန်​၌​ပင်​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​အ​ခါ​မျှ​မ​ပျက်​စီး နိုင်​သည့် နိုင်​ငံ​တစ်​ခု​ကို​တည်​ထောင်​တော်​မူ ပါ​လိမ့်​မည်။ ထို​နိုင်​ငံ​ကို​အ​ဘယ်​အခါ​၌ မျှ​နှိမ်​နင်း​၍​ရ​မည်​မ​ဟုတ်​ပါ။ ယင်း​သည် အ​ခြား​နိုင်​ငံ​ရှိ​သ​မျှ​ကို​ဖြို​ခွင်း​ပြီး နောက် အ​စဉ်​အ​မြဲ​တည်​ပါ​လိမ့်​မည်။-

သို့​သော်​လည်း​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​ခံ​ယူ​ရ​ရှိ​ကာ​ကမ္ဘာ​အ​ဆက်​ဆက်​ထိန်း​သိမ်း​ကြ​လိမ့်​မည်'' ဟု​ရှင်း​ပြ​လေ​သည်။

အောင်​ပွဲ​ရ​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ ဧ​ဒုံ​ပြည်​ကို​တိုက်​ခိုက်​အုပ်​စိုး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ထို​ပြည်​တွင်​နန်း​စံ​တော်​မူ​လိမ့်​မည်။'' ပ​ရော​ဖက်​သြ​ဗ​ဒိ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြီး​၏။

``ငါ​သည်​သင်​တို့​တွင်​ကြွင်း​ကျန်​သော​ဣ​သ ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​မည်။ ခြံ သို့​ပြန်​လာ​သော​သိုး​များ​သ​ဖွယ်​သင်​တို့​ကို စု​သိမ်း​မည်။ စား​ကျက်​တွင်​သိုး​မြောက်​မြား စွာ​စု​ရုံး​ကျက်​စား​သ​ကဲ့​သို့ သင်​တို့​၏​ပြည် တွင်​တစ်​ဖန်​လူ​မြောက်​မြား​စွာ​နေ​ထိုင်​လိမ့် မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​မှ​စစ်​မြင်း​ရ​ထား များ​ကို ဖယ်​ရှား​၍၊မြင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ယူ​ဆောင်​သွား​မည်။ စစ်​ပွဲ​တွင်​အ​သုံး​ပြု​သည့်​လေး​တို့​ကို​လည်း ချိုး​ပစ်​မည်။ သင်​တို့​ဘု​ရင်​သည်​နိုင်​ငံ​တ​ကာ​နှင့်​စစ်​ပြေ ငြိမ်း​ရေး ဆောင်​ရွက်​ပြီး​လျှင်၊ ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင်​သို့​တိုင်​အောင် လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​မှ​ကမ္ဘာ​မြေ​ကြီး​စွန်း​သို့​တိုင် အောင် လည်း​ကောင်း​အ​စိုး​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

အ​ချင်း​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​ပြန်​လာ​ကြ​လော့။ မျှော်​လင့်​ချက်​ရှိ​ကြ​ပေ​ပြီ။ ဘေး​မဲ့​လုံ​ခြုံ​ရာ​သင်​တို့​၏​ရဲ​တိုက်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​ခံ​ခဲ့​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​၏ နှစ်​ဆ​မျှ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို​သင်​တို့​အား​ငါ​ပေး​မည် ဖြစ်​ကြောင်း​ယ​ခု​ပင်​ပြော​ကြား​ပါ​၏။

ဇိ​အုန်​မြို့​သူ၊မြို့​သား​အ​ပေါင်း​တို့၊ အား​ရ ရွှင်​မြူး ကြ​လော့။ အား​ရ​ရွှင်​မြူး​ကြ​လော့။ အ​ချင်း​ယေ​ရု​ရှ​လင်​မြို့​သူ၊မြို့​သား​တို့၊ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကြည့်​ကြ။ သင်​တို့​၏​ဘု​ရင်​ကြွ​လာ​တော်​မူ​ပြီ။ ထို​အ​ရှင်​သည်​အောင်​ပွဲ​ခံ​၍​ကယ်​တင်​တော် မူ​ရန် ကြွ​လာ​သည်​ဖြစ်​သော်​လည်း စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​မြည်း​မ​၏​သား မြည်း​က​လေး​ကို​စီး​၍​လာ​၏။

ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ဆက်​မ​ပြတ် အောင်​ပွဲ​ခံ​လိမ့်​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ရန်​သူ​တို့​ကို​ချေ​မှုန်း​၍ တစ်​ယောက်​မ​ကျန်​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်။''

``အ​ခြား​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို​နား​ထောင်​ကြ​ဦး လော့။ စ​ပျစ်​ဥ​ယျာဉ်​တစ်​ခု​ကို​စိုက်​ပျိုး​သည့်​မြေ ပိုင်​ရှင်​တစ်​ယောက်​ရှိ​၏။ သူ​သည်​ခြံ​ဝင်း​ကာ​၍ စပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး​၏။ မျှော်​စင်​တစ်​ခု ကို​လည်း​ဆောက်​လုပ်​၏။ ထို​နောက်​မိ​မိ​၏​ဥ​ယျာဉ် ကို​ခြံ​သ​မား​တို့​အား​သီး​စား​ချ​၍​နိုင်​ငံ​ရပ် ခြား​သို့​ထွက်​သွား​၏။-

ထို​နောက်​ကိုယ်​တော်​သည်​သူ​တို့​အား ပုံ​ဥ​ပ​မာ ဆောင်​၍​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော်​က ``လူ တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်​ပျိုး​၍ ခြံ​ဝင်း​ကာ​၏။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ကို​တူး ၍​မျှော်​စင်​ကို​ဆောက်​လုပ်​၏။ ထို​နောက်​သူ​သည် ဥ​ယျာဉ်​ကို​ခြံ​သ​မား​တို့​အား သီး​စား​ချ​၍ နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​သွား​၏။-

ထို​ကောင်း​ကင်​လော​က​တွင်​ခ​ရစ်​တော်​သည် ကောင်း​ကင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ အာ ဏာ​ပိုင်​များ၊ တန်​ခိုး​ရှင်​များ​နှင့်​အ​ရှင်​သ​ခင် အ​ပေါင်း​တို့​၏​အ​ထွတ်​အ​ထိပ်​အ​ဖြစ်​ဖြင့် အုပ်​စိုး​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော် သည်​မျက်​မှောက်​လော​က​နှင့်​အ​နာ​ဂတ် လော​က​၌ ခေါ်​ဝေါ်​သ​မုတ်​နိုင်​သော​အ​ထွတ် အ​ထိပ်​ဘွဲ့​နာ​မ​အ​ပေါင်း​တို့​ထက်​ကြီး မြတ်​တော်​မူ​ပေ​သည်။-

ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ