Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မိက္ခာ 4:6

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က``ငါ​ဒဏ်​ခတ်​သူ၊ ပြည်​နှင် ဒဏ်​ခံ​ရ​သူ​တို့​ကို ငါ​ပြန်​လည်​စု​ရုံး​စေ သော​အ​ချိန်​ကား​ကျ​ရောက်​ခါ​နီး​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​ထူ​ထောင်​လျက်​တိုင်း​တစ်​ပါး​တွင် နေ​ကြ​ရ​သူ ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​လည် ခေါ်​ဆောင်​လာ​တော်​မူ​၏။

ကျွန်​တော်​မျိုး​သည်​ပြို​လဲ​လု​ပါ​ပြီ။ ဝေ​ဒ​နာ​ကို​အ​စဉ်​ခံ​စား​လျက်​နေ​ရ​ပါ​၏။

မိ​မိ​၏​လူ​မျိုး​တော်​အား​ပြည်​နှင်​ဒဏ်​သင့် ရာ​မှ​သူ​တို့​၏​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သည် အ​ခြား​အ​မျိုး​သား​တို့​ကို​လည်း​ထို လူ​စု​နှင့်​အ​တူ​စု​ပေါင်း​နေ​ထိုင်​ရန်​ခေါ် ဆောင်​လာ​တော်​မူ​လိမ့်​မည်။

ဣ​သ​ရေ​လ​သည်​ယု​ဒ​နှင့်​ပေါင်း​၍​လူ​တို့ နှင့်​အ​တူ​မြောက်​အ​ရပ်​မှ သင်​တို့​ဘိုး​ဘေး များ​အား​ငါ​အ​ပိုင်​ပေး​အပ်​ခဲ့​သည့်​ပြည် သို့​လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​ပြော​ကြား စေ​တော်​မူ​၏။

ငါ​သည်​ထို​သူ​တို့​ကို​မြောက်​အ​ရပ်​မှ ခေါ်​ဆောင်​ခဲ့​မည်။ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​များ​မှ​စု​သိမ်း ခဲ့​မည်။ သူ​တို့​နှင့်​အ​တူ​မျက်​မ​မြင်​များ၊ခြေ​မ​စွမ်း မ​သန် သူ​များ​သည်​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ၊သား​ဖွား​ရန် နေ့​စေ့​လ​စေ့​အ​မျိုး​သ​မီး​များ​သည်​လည်း ကောင်း လိုက်​ပါ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​မျိုး​ကြီး​အ​ဖြစ်​ဖြင့် ပြန်​လာ​ကြ​လိမ့်​မည်။

ငါ​သည်​သင်​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​စု​သိမ်း​ကာ သင်​တို့​နေ​ရင်း​ပြည်​သို့ ပြန်​ခေါ်​ခဲ့​မည်။-

``ငါ​သည်​သင်​တို့​တွင်​ကြွင်း​ကျန်​သော​ဣ​သ ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​မည်။ ခြံ သို့​ပြန်​လာ​သော​သိုး​များ​သ​ဖွယ်​သင်​တို့​ကို စု​သိမ်း​မည်။ စား​ကျက်​တွင်​သိုး​မြောက်​မြား စွာ​စု​ရုံး​ကျက်​စား​သ​ကဲ့​သို့ သင်​တို့​၏​ပြည် တွင်​တစ်​ဖန်​လူ​မြောက်​မြား​စွာ​နေ​ထိုင်​လိမ့် မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​တော်​မူ​၏။

သင့်​ကို​ညှင်း​ပန်း​နှိပ်​စက်​သူ​များ​အား​ငါ အ​ပြစ်​ဒဏ် ခတ်​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​အ​ပေါင်း​ကို ကယ်​ဆယ်​၍၊ ပြည်​နှင်​ဒဏ်​သင့်​သူ​များ​ကို​မိ​မိ​တို့​ပြည်​သို့ ခေါ်​ဆောင်​လာ​မည်။ သူ​တို့​၏​အ​ရှက်​ရ​မှု​ကို​ဂုဏ်​အ​သ​ရေ​ရှိ​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​မည်။ က​မ္ဘာ​သူ​က​မ္ဘာ​သား​တို့​သူ​တို့​ကို ချီး​ကူး​ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

လူ​သား​သည်​ပျောက်​ဆုံး​သူ​များ​ကို​ရှာ​ရန် နှင့်​ကယ်​တင်​ရန်​ကြွ​လာ​သ​တည်း'' ဟု​ဇက္ခဲ အား​မိန့်​တော်​မူ​၏။

ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ