မိက္ခာ 4:11Common Language Bibleလူမျိုးများစွာတို့သည်သင်တို့ကိုတိုက်ခိုက် ရန် စုရုံးရောက်ရှိလာကြပြီ။ သူတို့က``ယေရု ရှလင်မြို့ကိုဖြိုဖျက်ကြကုန်အံ့၊ ငါတို့သည် မြို့ပျက်ကိုမြင်ရသဖြင့်ဝမ်းသာအားရ ကြလိမ့်မည်'' ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် မိမိ၏စစ်သည်တပ် သားအပေါင်းတို့နှင့်အတူယေရုရှလင် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ၏။ သူတို့ သည်မြို့ပြင်တွင်တပ်စခန်းချ၍မြို့ပတ် လည်တွင်မြေကတုတ်များကိုဖို့လုပ်ကြ၏။-
နောင်အခါ၌ငါသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန်အတွက်လူတစ်ဦးကိုစေ လွှတ်မည်ဟုလွန်လေပြီးသောအခါက ပရောဖက်များမှတစ်ဆင့်ငါမြွက်ကြားရာ ၌သင့်ကိုရည်စူး၍မိန့်တော်မူကြောင်းဂေါဂ အားပြောကြားလော့၊ ထိုအချိန်ကပရော ဖက်များက ငါသည်သင့်ကိုသူတို့အား တိုက်ခိုက်စေမည်ဟုနှစ်ပေါင်းကြာရှည်စွာ ဟောပြောခဲ့သည်'' ဟုမိန့်တော်မူ၏။ ဤ ကားထာဝရဘုရားသခင်မိန့်တော်မူ သောစကားဖြစ်၏။
ထိုအခါ``သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအဘယ်မှာရှိသနည်း'' ဟူ၍ပြောင် လှောင်ကာမေးမြန်းကြသောငါတို့၏ရန်သူ များသည် ဤအမှုကိုမြင်၍အရှက်ကွဲ ကြလိမ့်မည်။ သူတို့သည်အရေးရှုံးနိမ့် သဖြင့်လမ်းပေါ်မှရွှံ့သဖွယ်နင်းချေ ခြင်းခံရကြသည်ကိုငါတို့မြင်ရလိမ့် မည်။