မာလခိ 3:15Common Language Bibleငါတို့တွေ့မြင်ရကြသည့်အတိုင်းမာန်မာန ကြီးသူများသည်မင်္ဂလာရှိကြ၏။ သူယုတ်မာ တို့သည်ကောင်းစားကြ၏။ ထိုမျှမကသူတို့ သည်ဘုရားသခင်၏ခန္တီပါရမီတော်ကို အကဲစမ်းကြသော်လည်းအဘယ်ဒုက္ခနှင့် မျှမတွေ့ရကြ' ဟုဆိုကြ၏'' ဟုမိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။ |
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင် တို့က``ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း'' ဟုဆိုကြ၏။ ``ထာဝရဘုရားသည် ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ ကောင်းဟုထင်မှတ်တော်မူ၏'' ဟူ၍ပြော ဆိုခြင်းအားဖြင့်သော်လည်းကောင်း``တရား မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော် လည်းကောင်းသင်တို့သည်ကိုယ်တော်အား နားငြီးစေကြ၏။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-