မာလခိ 2:14Common Language Bibleထိုနောက်သင်တို့ကအဘယ်ကြောင့်ဤသို့ ကိုယ်တော်လက်မခံတော့ဘဲနေတော်မူပါ သနည်းဟုမေးကြ၏။ ကိုယ်တော်လက်မခံ တော့သည့်အကြောင်းမှာသင်တို့သည်ငယ်စဉ် အခါက လက်ထပ်ထိမ်းမြားခဲ့သူဇနီး အားပေးအပ်ခဲ့သည့်ကတိသစ္စာကိုချိုး ဖောက်လိုက်ကြကြောင်းကိုယ်တော်သိမြင် တော်မူသောကြောင့်ဖြစ်ပေသည်။ ထိုဇနီး သည်သင်၏အဆွေခင်ပွန်းဖြစ်ပါ၏။ သင် သည်သူ၏အပေါ်တွင်သစ္စာစောင့်ပါမည် ဟုဘုရားသခင်၏ရှေ့တော်၌ကတိ ပြုခဲ့ပါသော်လည်းထိုကတိသစ္စာကို ချိုးဖောက်ခဲ့လေပြီ။- အခန်းကိုကြည့်ပါ။ |
သူတို့က``အကယ်၍ထာဝရဘုရားသည် ငါတို့ကိုအဘယ်အခါ၌မျှမြင်တော်မ မူလျှင် ငါတို့အဘယ်ကြောင့်အစာရှောင် ကြပါတော့မည်နည်း။ ကိုယ်တော်သည်ငါတို့ နှိမ့်ချသည်ကိုမြင်တော်မမူလျှင် အဘယ် ကြောင့်ငါတို့ဒုက္ခခံကြပါမည်နည်း'' ဟု ဆိုကြ၏။ ထာဝရဘုရားကသူတို့အား``အဖြစ်မှန် မှာသင်တို့သည်အစာရှောင်လျက်နေစဉ်၌ ပင်ကိုယ်ကျိုးရှာလျက် မိမိတို့ငယ်သား များကိုလည်းနှိပ်စက်ညှင်းဆဲကြ၏။-
ထိုသူတို့၏ကံကြမ္မာသည်ဤနည်းအတိုင်း ပင်ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိုက်မဲစွာပြုကျင့်ကြသောကြောင့် ဖြစ်၏။ သူတို့သည်သူတစ်ပါး၏သားမယား ကိုပြစ်မှားကြလျက် ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လိမ်လည်ဟောပြောကြ၏။ ဤအပြုအမူကားထာဝရဘုရား၏ အလိုတော်နှင့်မကိုက်ညီ။ ကိုယ်တော်သည် သူတို့ပြုသည့်အမှုကိုသိတော်မူသည်ဖြစ်၍ ဒိဌသက်သေဖြစ်တော်မူ၏။ ဤကားထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟူ၍ ပါရှိလေသည်။
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
လူသည်ဘုရားသခင်ကိုလိမ်လည်လှည့်စား အပ်ပါသလောဟု သင်တို့အားငါမေးပါ ၏။ ဤသို့မပြုအပ်သော်လည်းသင်တို့သည် ငါ့အားလိမ်လည်လှည့်စားလျက်နေပေ သည်။ သင်တို့က`ကျွန်တော်မျိုးတို့သည် အဘယ်သို့လိမ်လည်လှည့်စားကြပါ သနည်း' ဟုဆိုပါမူဆယ်ဖို့တစ်ဖို့အလှူ နှင့်ပူဇော်သကာများဆက်သမျှဟူ၍ ဖြေရပေမည်။-