Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မာ​လ​ခိ 1:8

Common Language Bible

သင်​တို့​သည်​မျက်​စိ​ကန်း​ဖျား​နာ​သို့​မ​ဟုတ် ခြေ​ကျိုး​သည့်​ယဇ်​ကောင်​တို့​အား​တင်​လှူ​ပူ ဇော်​ရန် ယူ​ဆောင်​လာ​ကြ​သော​အ​ခါ​သင် တို့​တွင်​အ​ပြစ်​မ​ရှိ​ဟု​ထင်​မှတ်​ကြ​ပါ သ​လော။ ဤ​ကဲ့​သို့​သော​သိုး​နွား​မျိုး​ကို ဘု​ရင်​ခံ​အား​ဆက်​သ​ကြည့်​ပါ​သ​လော။ သူ​သည်​သင်​တို့​အား​နှစ်​သက်​ပါ​မည်​လော။ အ​ခွင့်​ထူး​များ​ကို​သော်​လည်း​ပေး​ပါ​လိမ့် မည်​လော'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။

ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​၏​ပူ​ဇော် သ​ကာ ရှိ​သ​မျှ​ကို​လက်​ခံ​တော်​မူ​လျက် မီး​ရှို့​ရာ​ယဇ်​အ​ပေါင်း​ကို​လည်း​နှစ်​သက် တော်​မူ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အ​ကြောင်း နှင့်​ပတ်​သက်​၍``သူ​တို့​သည်​ငါ့​ထံ​မှ​ထွက် ပြေး​ရန်​နှစ်​သက်​ကြ​၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​လို​ကြ။ ထို့​ကြောင့်​ငါ​သည်​သူ တို့​ကို​မ​နှစ်​သက်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​အောက်​မေ့​သ​တိ​ရ​၍ သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​ငါ့​အား​ယဇ်​ပူ​ဇော်​၍​ယဇ်​ကောင် ၏​အ​သား​ကို​စား​ကြ​၏။ သို့​ရာ​တွင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြု​အ​စု ကို​နှစ်​သက်​တော်​မ​မူ၊ ယ​ခု​ငါ​သည်​သူ​တို့ ၏​အ​ပြစ်​ကို​သ​တိ​ရ​၍​အ​ပြစ်​အ​တွက် ဒဏ်​စီ​ရင်​မည်။ သူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​ပို့​မည်။

ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ ၏​ယဇ်​ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​မီး​များ ကို​သင်​တို့​မ​ထည့်​နိုင်​စေ​ရန် ဗိ​မာန်​တော် တံ​ခါး​များ​ကို​ပိတ်​ထား​မည့်​သူ​ရှိ​လျှင် အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငါ​သည် သင်​တို့​ကို​မ​နှစ်​သက်။ ငါ့​ထံ​သို့​သင်​တို့ ယူ​ဆောင်​လာ​သော​ပူ​ဇော်​သ​ကာ​ကို​လည်း လက်​မ​ခံ​လို။-

သင်​တို့​မ​ထီ​မဲ့​မြင်​ပြု​ပုံ​မှာ​ငါ​၏​ယဇ် ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​အ​စား​အ​စာ များ​ကို​တင်​လှူ​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဖြစ် ၏။ ထို​နောက်​သင်​တို့​က``ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​အား​အ​ဘယ်​သို့​မ​ရို မ​သေ​ပြု​ခဲ့​ကြ​ပါ​သ​နည်း'' ဟု​မေး​ကြ ပြန်​၏။ သင်​တို့​မ​ရို​မ​သေ​ပြု​ပုံ​ကား​ငါ ၏​ယဇ်​ပလ္လင်​ကို​မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ဖြစ် ပေ​သည်။-

ထို​နွား​နှင့်​သိုး​တို့​တွင်​ခြေ​ဆွံ့​ခြင်း၊ မျက်​စိ​ကန်း ခြင်း၊ သို့​မ​ဟုတ်​အ​ခြား​သော​အ​နာ​အ​ဆာ တစ်​ခု​ခု​ရှိ​လျှင် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​မ​ပူ​ဇော်​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ