ဗျာဒိတ် 9:19Common Language Bibleမြင်းတို့၏တန်ခိုးစွမ်းရည်သည်သူတို့၏ခံတွင်း နှင့်အမြီးတွင်ရှိ၏။ သူတို့၏အမြီးများသည် မြွေများနှင့်တူ၏။ ထိုအမြီးများတွင်ဦးခေါင်း များပေါက်လျက်ယင်းအမြီးများဖြင့်လူတို့ အားအန္တရာယ်ပြုကြ၏။ အခန်းကိုကြည့်ပါ။ |
ဤဘေးဒဏ်ဖြင့်မသေဘဲကျန်ရှိနေသောသူတို့ သည်နောင်တမရကြ။ မိမိတို့လက်ဖြင့်ပြုလုပ် သည့်ဘုရားများကိုမစွန့်လွှတ်ကြ။ နတ်မိစ္ဆာ များကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မရှားနိုင်သောရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သားစသည်ဖြင့်ပြီးသောရုပ်တုများကိုလည်း ကောင်းကိုးကွယ်လျက်ပင်ရှိနေကြသေး၏။-