Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 9:17

Common Language Bible

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်း​စီး​သူ​ရဲ​များ​သည်​ကန့် ရောင်၊ အ​ပြာ​ရောင်၊ မီး​လျှံ​ရောင်​ရှိ​သော​ရင်​အုပ် တန်​ဆာ​များ​ကို​ဝတ်​ဆင်​ထား​ကြ​သည်​ကို​ငါ မြင်​ရ​၏။ မြင်း​တို့​၏​ဦး​ခေါင်း​များ​သည်​ခြင်္သေ့ ဦး​ခေါင်း​များ​နှင့်​တူ​၏။ သူ​တို့​၏​ခံ​တွင်း​မှ​မီး လျှံ၊ မီး​ခိုး၊ ကန့်​များ​ထွက်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​များ​ပေါ်​သို့ ကန့်​မီး​မိုး​ကို​ရွာ​ချ​စေ​တော်​မူ​သ​ဖြင့်၊-

ဒါ​ဝိဒ်​သည်​သဲ​ကန္တာ​ရ​ရဲ​တိုက်​တွင်​ရှိ​နေ​စဉ် အ​ခါ သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက်​လာ​ကြ သူ​နာ​မည်​ကျော်​စစ်​ရည်​ဝ​သူ​ရဲ​တို့​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ခြင်္သေ့​ကဲ့ သို့​ကြောက်​မက်​ဖွယ်​သဏ္ဌာန်​ကို​ဆောင်​လျက် ဒိုင်း​လွှား​အ​တတ်၊ လှံ​အ​တတ်​တို့​တွင်​အ​ထူး ကျွမ်း​ကျင်​သူ​များ​ဖြစ်​ကြ​၏။ တောင်​ပေါ် ဒ​ရယ်​ကဲ့​သို့​လည်း​လျင်​မြန်​ဖြတ်​လတ် ကြ​၏။-

ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​အ​ပေါ်​သို့ မီး​ကျီး​ခဲ​များ​ကို​လည်း​ကောင်း၊ပူ​လောင်​လှ​သည့် မီး​လျှံ​ကို​လည်း​ကောင်း​ကျ​စေ​တော်​မူ​၏။ သူ​တို့​အား​ပူ​လောင်​လှ​သော​လေ​ပူ​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။

ရှေး​မ​ဆွ​က​ပင်​အာ​ရှု​ရိ​ဘု​ရင်​ကို​မီး​သင်္ဂြိုဟ် ရန် လောင်​တိုက်​ကို​ပြင်​ဆင်​၍​ထား​ခဲ့​၏။ ထို​လောင် တိုက်​သည်​အ​စောက်​နက်​၍​ကျယ်​ဝန်း​၏။ ထို အ​ရပ်​တွင်​မြင့်​မား​သော​ထင်း​ပုံ​ကြီး​တစ် ခု​လည်း​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ခံ​တွင်း တော်​မှ​မီး​လျှံ​ကို​မှုတ်​ထုတ်​တော်​မူ​၍ ထို ထင်း​ပုံ​ကို​မီး​စွဲ​လောင်​စေ​တော်​မူ​လိမ့်​မည်။

ထို​သူ​မ​ရောက်​မီ​ည​နေ​ချမ်း​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ငါ့​ကို လွှမ်း​မိုး​၍​နေ​၏။ နောက်​တစ်​နေ့​နံ​နက်​ထို သူ​ရောက်​ရှိ​လာ​ချိန်​၌ စ​ကား​ပြော​နိုင်​စွမ်း ရည်​ကို​ငါ့​အား​ပြန်​၍​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​ငါ​သည်​တိတ်​ဆိတ်​စွာ​မ​နေ​ရ တော့​ဘဲ​စ​ကား​ပြော​နိုင်​၏။

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​တွင်​ငါ​သည်​ဧ​လံ ပြည်​နယ်​မြို့​ရိုး​များ​ကာ​ရံ​ထား​သော ရှု​ရှန် မြို့​တွင်း​သို့​ရုတ်​တ​ရက်​ရောက်​ရှိ​နေ​သည် ကို​တွေ့​ရ​၏။ ငါ​သည်​ဥ​လဲ​မြစ်​အ​နီး​တွင် ရပ်​၍၊-

ယင်း​သို့​ငါ​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ စဉ် ယ​ခင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ​တွေ့​မြင် ခဲ့​သူ၊ ဂါ​ဗြေ​လ​သည်​ငါ​ရှိ​ရာ​သို့​ပျံ​ဝဲ ဆင်း​သက်​လာ​၏။ ထို​အ​ချိန်​ကား​ညဥ့်​ဦး ယံ​ယဇ်​ပူ​ဇော်​ရာ​အ​ချိန်​ဖြစ်​၏။-

တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​သက်​သေ ခံ​နှစ်​ပါး​အား​အန္တ​ရာယ်​ပြု​လျှင် သူ​တို့​၏​ခံ တွင်း​မှ​မီး​လျှံ​များ​ထွက်​၍​ထို​သူ့​ကို​ကျွမ်း လောင်​စေ​လေ​သည်။ သူ​တို့​အား​အန္တ​ရာယ်​ပြု ကြ​ရန်​ကြိုး​စား​သူ​မှန်​သ​မျှ​ပင် ဤ​နည်း အ​တိုင်း​သေ​ကြ​ရ​မည်​သာ​ဖြစ်​၏။-

ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား​မှ ပြင်း ထန်​သော​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် ရည်​ကို​သောက်​ရ​လိမ့်​မည်။ မြင့်​မြတ်​သန့်​ရှင်း သော​ကောင်း​ကင်​တ​မန်​များ​နှင့်​သိုး​သူ​ငယ် တော်​၏​ရှေ့​၌ ကန့်​နှင့်​မီး​ထဲ​တွင်​နှိပ်​စက်​ညှဉ်း ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-

သား​ရဲ​နှင့်​တ​ကွ​သူ​၏​ရှေ့​တွင်​နိ​မိတ်​လက္ခ​ဏာ များ​ကို​ပြ​သော​မိစ္ဆာ​ပ​ရော​ဖက်​သည်​အ​ဖမ်း​ခံ ရ​၏။ (ထို​မိစ္ဆာ​ပ​ရော​ဖက်​ကား​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​ခံ​ယူ​၍ သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​သူ​များ အား​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ခြင်း​အား​ဖြင့် မှောက်​မှား​လမ်း​လွဲ​စေ​သူ​ဖြစ်​သ​တည်း။) ထို​သူ နှစ်​ဦး​စ​လုံး​ပင်​လျှင်​တောက်​လောင်​နေ​သော​ကန့် မီး​အိုင်​ထဲ​သို့​အ​ရှင်​လတ်​လတ်​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​၏။-

သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။

ပဉ္စမ​အုတ်​မြစ်​မှာ​ကြောင်၊ ဆ​ဋ္ဌ​မ​အုတ်​မြစ်​မှာ​ပတ္တမြား၊ သတ္တမ​အုတ်​မြစ်​မှာ​ဂေါ​ဒန်​ကျောက်၊ အ​ဋ္ဌ​မ​အုတ်​မြစ် မှာ​မျက်​ရွဲ၊ န​ဝ​မ​အုတ်​မြစ်​မှာ​ဥ​ဿ​ဖ​ရား၊ ဒ​သ​မ အုတ်​မြစ်​မှာ​မ​ဟူ​ရာ​စိမ်း၊ ဧ​က​ဒ​သ​မ​အုတ်​မြစ် မှာ​စိမ်း​ပြာ​ကျောက်၊ ဒွါ​ဒ​သ​မ​အုတ်​မြစ်​မှာ​ဂေါ် မုတ်​ဖြစ်​သ​တည်း။-

သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ယင်း​သို့​ခံ​တွင်း​မှ​ထွက်​သည့်​မီး​လျှံ၊ မီး​ခိုး၊ ကန့်​တည်း​ဟူ​သော​ဘေး​သုံး​ပါး​ကြောင့်​ကမ္ဘာ လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​သေ​ကြ​ကုန်​၏။-

သူ​တို့​၏​ရင်​အုပ်​တွင်​သံ​ရင်​အုပ်​တန်​ဆာ​တပ် ဆင်​ထား​သည်​နှင့်​တူ​၏။ သူ​တို့​၏​အ​တောင်​ခပ် သံ​သည်​စစ်​ပွဲ​ဝင်​ရန်​မောင်း​နှင်​လာ​သော​မြင်း ရ​ထား​များ​၏​အ​သံ​နှင့်​တူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ