Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 9:14

Common Language Bible

ထို​အ​သံ​က​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား``ဥ ဖ​ရတ်​မြစ်​ကြီး​အ​နီး​မှာ​ချည်​နှောင်​ထား​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို​ဖြေ​လွှတ်​လော့'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ချိန်​ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​က၊-

တ​တိ​ယ​မြစ်​သည်​ကား​တိ​ဂ​ရစ်​မြစ်​ဖြစ်​၍ အာ​ရှု​ရိ​ပြည်​အ​ရှေ့​ဘက်​မှ​စီး​ဆင်း​၏။ စတုတ္ထ မြစ်​သည်​ကား​ဥ​ဖ​ရတ်​မြစ်​ဖြစ်​၏။

ထို​နောက်​ရ​ဟော​ဘ​၏​သား​ဇော​ဘ​ဘု​ရင် ဟာ​ဒ​ဒေ​ဇာ​သည် အ​ထက်​ဥ​ဖ​ရတ်​မြစ် အ​နီး​ရှိ​နယ်​မြေ​ကို​ပြန်​လည်​သိမ်း​ပိုက် ရန်​သွား​တိုက်​စဉ်​ဒါ​ဝိဒ်​သည်​သူ့​အား နှိမ်​နင်း​တော်​မူ​၍၊-

စ​ရာ​ယ၊ သင်​သည်​ဤ​စာ​စောင်​ကို​ပြည်​သူ တို့​အား​ဖတ်​ပြ​ပြီး​သော​အ​ခါ ကျောက်​ခဲ တစ်​လုံး​တွင်​ကြိုး​နှင့်​ချည်​၍​ဥ​ဖ​ရတ်​မြစ် ထဲ​သို့​ပစ်​ချ​လော့။-

စ​ခန်း​သိမ်း​၍​ခ​ရီး​ဆက်​ကြ​လော့။ အာ​မော​ရိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​တောင်​ကုန်း​ဒေ​သ နှင့် ၎င်း​အ​နီး​ရှိ​ဒေ​သ​များ​ဖြစ်​သော​တောင် ကုန်း​ဒေ​သ၊ လွင်​ပြင်​ဒေ​သ၊ တောင်​ဘက်​ဒေ​သ၊ မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​တို့​သို့​သွား​ကြ​လော့။ ခါ​နာန်​ပြည်​သို့​သွား​ကြ​လော့။ ထို​မှ​တစ်​ဖန် လေ​ဗ​နုန်​တောင်​ကို​ကျော်​၍ ဥ​ဖ​ရတ်​မြစ်​သို့ တိုင်​အောင်​သွား​ကြ​လော့။-

သင်​တို့​၏​ပြည်​သည်​တောင်​ဘက်​သဲ​ကန္တာ​ရ မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​အ​ထိ​လည်း ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ်​မှ​ဟိတ္တိ ပြည်​ကို​ဖြတ်​၍ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ​လည်း​ကောင်း​ကျယ်​ပြန့်​မည်။-

ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-

ထို​နောက်​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် ကမ္ဘာ​မြေ​ကြီး​စွန်း​အ​ရပ်​လေး​မျက်​နှာ​တွင် ရပ်​လျက်​နေ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည် ကုန်း​မြေ​ပေါ်​နှင့်​ပင်​လယ်​ပြင်​၌​သော်​လည်း​ကောင်း၊ သစ်​ပင်​များ​ကို​သော်​လည်း​ကောင်း​လေ​မ​တိုက် ခတ်​နိုင်​စေ​ရန် အ​ရပ်​လေး​မျက်​နှာ​မှ​လေ​တို့ ကို​ဆွဲ​ကိုင်​ထား​ကြ​၏။-

ထို​နောက်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တံ​ဆိပ်​တော်​ကို ကိုင်​ဆောင်​လာ​သော​ကောင်း​ကင် တ​မန်​တစ်​ပါး​သည် အ​ရှေ့​အ​ရပ်​မှ​တက်​လာ သည်​ကို​ငါ​မြင်​ရ​၏။ သူ​သည်​ကုန်း​မြေ​နှင့် ပင်​လယ်​တို့​ကို​ဘေး​ဥ​ပဒ်​သင့်​စေ​နိုင်​ခွင့်​ကို ရ​ရှိ​ထား​သည့်​ကောင်း​ကင်​တ​မန်​လေး​ပါး တို့​အား၊-

ထို​နောက်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ် လျက်​နေ​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး ကို​ငါ​မြင်​ရ​၏။ သူ​တို့​အား​တံ​ပိုး​ခ​ရာ ခု​နစ်​ခု​ကို​ပေး​အပ်​၏။

ထို​နောက်​တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ကို​ကိုင်​ထား သည့်​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။-

ထို​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည်​အ​နှောင် အ​ဖွဲ့​မှ​လွတ်​မြောက်​၍​သွား​ကြ​၏။ သူ​တို့​သည် ဤ​မည်​သော​နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​နာ​ရီ​၌​ကမ္ဘာ ၏​လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​ကို​သုတ်​သင်​ပစ်​ရန် အ​တွက်​အ​သင့်​ရှိ​နေ​သူ​များ​ဖြစ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ