ဗျာဒိတ် 7:9Common Language Bibleထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။- အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
ထိုအချိန်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့သည်`ထာဝရဘုရား၏ရာဇ ပလ္လင်တော်' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရ လိမ့်မည်။ လူမျိုးတကာတို့သည်လည်း ထိုမြို့ တွင်စုရုံး၍ ငါ၏နာမတော်ကိုဂုဏ်ပြုကြ လိမ့်မည်။ သူတို့သည်မိမိတို့၏ဆိုးညစ်ခက် မာသည့်စိတ်အလိုကိုလိုက်၍ပြုကျင့်ကြ တော့မည်မဟုတ်။-
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။