ဗျာဒိတ် 7:12Common Language Bibleသူတို့က``အာမင်။ ငါတို့ဘုရားသခင်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းထောမနာပြု ကြစေသတည်း။ ကိုယ်တော်သည်ဘုန်းတန်ခိုး၊ ဉာဏ်ပညာ၊ ဂုဏ်အသရေတို့နှင့်ပြည့်စုံ တော်မူပါစေသတည်း။ ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါစေ သတည်း။ ``အာမင်'' ဟုမြွက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။-