Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 6:7

Common Language Bible

သိုး​သူ​ငယ်​တော်​သည်​စတုတ္ထ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ စ​တုတ္ထ​သတ္တ​ဝါ​၏​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​သတ္တ​ဝါ​က``လာ​လော့'' ဟု ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ထို​သူ​တို့​သည် သင်္ချိုင်း​ဂူ​သို့​သွား​ပြီး​လျှင် ကျောက်​တုံး​ကို​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကာ သင်္ချိုင်း​ဂူ​ကို လုံ​ခြုံ​စွာ​ပိတ်​ထား​ကြ​၏။ ထို​နောက်​စောင့်​ကြပ်​ရန် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​ကြ​၏။

ပ​ထ​မ​သတ္တ​ဝါ​သည်​ခြင်္သေ့​နှင့်​တူ​၏။ ဒု​တိ​ယ သတ္တ​ဝါ​သည်​နွား​နှင့်​တူ​၏။ တ​တိ​ယ​သတ္တ​ဝါ​၏ မျက်​နှာ​သည်​လူ့​မျက်​နှာ​နှင့်​တူ​၏။ စ​တုတ္ထ​သတ္တ ဝါ​သည်​ပျံ​လျက်​နေ​သည့်​လင်း​ယုန်​နှင့်​တူ​၏။-

ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​အ​နက်​မှ ပ​ထ​မ​တံ​ဆိပ်​ဖွင့်​သည်​ကို ငါ​မြင်​၏။ သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ် ပါး​သည်​မိုး​ကြိုး​သံ​နှင့်​တူ​သော​အ​သံ​ဖြင့်``လာ လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။-

သိုး​သူ​ငယ်​တော်​သည်​ဒု​တိ​ယ​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဒု​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။-

သိုး​သူ​ငယ်​တော်​သည်​တ​တိ​ယ​ချိပ်​တံ​ဆိပ်​ကို ဖွင့်​လိုက်​သော​အ​ခါ တ​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။ ငါ​ကြည့်​လိုက်​သော အ​ခါ​မြင်း​နက်​တစ်​ကောင်​ကို​တွေ့​ရ​၏။ မြင်း​စီး သူ​ရဲ​သည်​ချိန်​ခွင်​ကို​ကိုင်​ထား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ