ဗျာဒိတ် 21:4Common Language Bibleကိုယ်တော်သည်သူတို့၏မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် ရှိကြတော့မည်မဟုတ်။ ရှေးအရာတို့သည် ပျောက်ကွယ်သွားပြီ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။
ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။ လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊ သူတို့၏ဝမ်းနည်းခြင်းကို နှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-