Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 21:11

Common Language Bible

ထို​မြို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​ထွန်း​လင်း​၍​ကျောက်​သ​လင်း​သ​ဖွယ်​ကြည်​လင် သည့်​န​ဂါး​သွဲ့​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ အ​ရောင်​အ​ဝါ​တောက်​ပ​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။

ထို​နောက်​ဇိ​အုန်​တောင်​တော်​နှင့်​ထို​အ​ရပ်​တွင် စု​ရုံး​လျက်​နေ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့ ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ်၊ ညဥ့်​အ​ချိန်​၌​မီး​ခိုး​နှင့်​မီး​တောက်​မီး​လျှံ စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​သည် တစ်​မြို့​လုံး​ကို​လွှမ်း ခြုံ​လျက်​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပေ​အံ့။-

သတ္တ​ဝါ​များ​၏​ဦး​ခေါင်း​အ​ထက်​တွင်​အ​ရောင်​လက်​၍​နေ​သော​ကျောက်​သ​လင်း​သ​ဖွယ်​ရှိ​၍ ထိတ်​လန့်​ဖွယ်​ကောင်း​သော​လိပ်​ခုံး​ပုံ​သဏ္ဌာန်​ကြီး​တစ်​ခု​ရှိ​၏။-

ထို​လိပ်​ခုံး​မိုး​အ​ပေါ်​၌​နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့်​တူ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​လူ​ပုံ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​ထိုင်​နေ​၏။-

သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​မှု​များ​ပြား သည့်​အ​တွက် အ​ကြမ်း​ဖက်​မှု​နှင့်​အ​ပြစ်​ကူး လွန်​မှု​များ​ကို​ပြု​ကျင့်​လာ​လေ​သည်။ သို့ ဖြစ်​၍​ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော တောင်​ပေါ်​မှ​သင့်​ကို​ထွက်​စေ​ခဲ့​၏။ အို အ​စောင့် ကောင်း​ကင်​တ​မန်၊ အ​ရောင်​လက်​လျက်​နေ သည့်​ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ရာ​မှ သင့်​ကို​ငါ​နှင်​ထုတ်​ခဲ့​၏။-

ထို​အ​ရပ်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည်​အ​ရှေ့​အ​ရပ်​မှ​ပေါ် ထွက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ဘု​ရား​သ​ခင်​၏​အ​သံ​တော်​သည်​ပင်​လယ်​မြည် ဟည်း​သံ​နှင့်​တူ​၏။ ကမ္ဘာ​မြေ​ကြီး​သည် လည်း​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​တောက်​ပ​လျက်​ရှိ​၏။-

မြို့​ကို​ကာ​ရံ​ထား​သည့်​မြို့​ရိုး​အ​လျား​စု​စု​ပေါင်း​မှာ​ကိုက်​တစ်​သောင်း​ရှစ်​ဆယ်​ဖြစ်​၏။ ထို​မြို့​ကို​ယ​ခု​မှ​အ​စ​ပြု​၍``ထာ​ဝ​ရ​ဘု​ရား​ဤ​တွင်​စံ​တော်​မူ​သည်'' ဟု​သ​မုတ်​လိမ့်​မည်။ ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ဗိ​မာန်​တော်​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​တန်​ခိုး တော်​ကြောင့်​မီး​ခိုး​နှင့်​ပြည့်​လျက်​ရှိ​၏။ သို့​ဖြစ် ၍​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ယူ​ဆောင်​လာ သည့်​ကပ်​ခု​နစ်​ပါး​မ​ပြီး​ဆုံး​မီ​အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်။

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား​အ​သက် ရေ​စီး​ရာ​မြစ်​ကို​လည်း​ပြ​၏။ ထို​မြစ်​သည်​ကျောက် သ​လင်း​ကဲ့​သို့​ကြည်​လင်​တောက်​ပ​၍​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​မှ​မြို့​တော်​လမ်း​အ​လယ် တစ်​လျှောက်​စီး​ဆင်း​လျက်​နေ​၏။ ထို​မြစ်​၏​ဝဲ​ယာ တွင်​အ​သက်​ပင်​ရှိ​၏။-

ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။

ထို​အ​ရှင်​၏​မျက်​နှာ​တော်​သည်​န​ဂါး​သွဲ့​ကျောက်၊ ပတ္တမြား​ကျောက်​ကဲ့​သို့​တောက်​ပ​၏။ ပလ္လင်​၏​ပတ် လည်​တွင်​မြ​ရောင်​ပြေး​နေ​သော​သက်​တန့်​တည် လျက်​ရှိ​၏။-

ပလ္လင်​တော်​၏​ရှေ့​တွင်​ကျောက်​သ​လင်း​နှင့်​တူ​၍ ဖန်​ရေ​ကန်​ဟု​ထင်​ရ​သော​ရေ​ကန်​ရှိ​၏။ ထို့​ပြင်​ပလ္လင်​တော်​၏​ပတ်​လည်​တစ်​ဖက်​တစ်​ချက် တွင် သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​ရှိ​၏။ သူ​တို့​ကိုယ် ခန္ဓာ​ရှေ့​ပိုင်း​နှင့်​နောက်​ပိုင်း​တို့​တွင်​မျက်​စိ​များ ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ