ဗျာဒိတ် 2:5Common Language Bibleသို့ဖြစ်၍သင်သည်အဘယ်မျှလောက်ကျဆင်း လာသည်ကိုဆင်ခြင်လော့။ နောင်တရ၍အစ ကပြုကျင့်ခဲ့သည့်အတိုင်းပြုကျင့်လော့။ သို့ မပြုပါမူသင်ရှိရာသို့ငါလာခဲ့မည်။ သင် နောင်တမရလျှင်သင်၏မီးခွက်ကိုနေရာမှ ငါဖယ်ရှားပစ်မည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-