ဗျာဒိတ် 2:2Common Language Bibleသင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။
ချစ်ဆွေတို့၊ ဝိညာဉ်တော်ခံယူရရှိသည်ဟု ဆိုသူတိုင်းကိုမယုံကြနှင့်။ သူတို့ခံယူရရှိ သည်ဆိုသောဝိညာဉ်တော်သည် ဘုရားသခင် ၏ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ဟုတ်မဟုတ်စစ်ဆေးကြည့်ရှုကြလော့။ အဘယ် ကြောင့်ဆိုသော်မိစ္ဆာပရောဖက်များသည် နေရာ တကာသို့ရောက်ရှိနေကြသောကြောင့်ဖြစ်၏။-
သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-