ဗျာဒိတ် 18:8Common Language Bibleဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
သို့ရာတွင်ထိုသူတို့အားကယ်ဆယ်တော်မူ မည့်အရှင်သည်ခွန်အားကြီးမားတော်မူ၏။ ထိုအရှင်၏နာမတော်မှာအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်သတည်း။ ထိုအရှင်ကိုယ် တော်တိုင်သူတို့၏အကျိုးကိုပြုစုတော်မူ ၍ ပြည်တော်တွင်ငြိမ်းချမ်းသာယာမှုရှိစေ တော်မူလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ ကိုမူကားဒုက္ခရောက်စေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။ လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက် သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊ အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။
မိမိ၌ရှိသမျှကိုတစ်နာရီအတွင်း၌ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေး မြည်တမ်းကြလိမ့်မည်။ ခပ်သိမ်းသောရေယာဉ်မှူးများနှင့်ခရီးသည် အပေါင်းတို့သည်လည်းကောင်း၊ သင်္ဘောသားများ နှင့်ရေကြောင်းကုန်သွယ်မှုကိုပြုကြသူအပေါင်း တို့သည်လည်းကောင်းအဝေးကရပ်လျက်နေ ကြ၏။-