ဗျာဒိတ် 18:22Common Language Bibleသင်၏ထံတွင်စောင်းသံ၊ သီချင်းသံ၊ ပလွေသံ၊ တံပိုး ခရာသံတို့ကိုနောက်တစ်ဖန်ကြားရတော့မည် မဟုတ်။ အဘယ်အလုပ်သမားမျှသင့်ထံတွင် တွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း ကြားရတော့မည်မဟုတ်။- အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားမိန့်တော် မူသည့်စကားကိုနားထောင်လော့။ ငါသည်သူ တို့၏ဝမ်းမြောက်ရွှင်လန်းသံများနှင့်မင်္ဂလာ ပွဲများ၏ပျော်ရွှင်သံများကို ဤအရပ်တွင် ဆိတ်သုဉ်းစေမည်။ ဤအမှုအရာများဖြစ် ပျက်သည်ကိုဤအရပ်ရှိလူတို့တွေ့မြင် ရကြလိမ့်မည်။''
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။