ဗျာဒိတ် 18:19Common Language Bibleသူတို့သည်မြေမှုန့်များကိုမိမိတို့အပေါ်သို့ကြဲ ဖြန့်လျက်``ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပင်လယ် ကူးသင်္ဘောပိုင်ရှင်အပေါင်းအားကြွယ်ဝချမ်းသာ စေသောမြို့ကြီးသည်တစ်နာရီအတွင်းရှိသမျှ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေးမြည်တမ်း ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုလနှစ်ဆယ့်လေးရက်နေ့၌ဣသရေလ အမျိုးသားတို့သည် မိမိတို့အပြစ်များ အတွက်ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် အစာရှောင်ရန်စုရုံးကြ၏။ ထိုသူတို့သည် လူမျိုးခြားများနှင့်ကွာပြီးဖြစ်သည်။ သူ တို့သည်ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခ ဏာဖြင့် လျှော်တေကိုဝတ်၍ဦးခေါင်းကိုမြေ မှုန့်ဖြင့်ဖြူးကြ၏။ ထိုနောက်သူတို့သည်မိမိ တို့အပြစ်များနှင့်ဘိုးဘေးတို့၏အပြစ်များ ကိုဖော်ပြဝန်ခံကြလေသည်။-
အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။
ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။