Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 18:14

Common Language Bible

ကုန်​သည်​ကြီး​များ​က​ထို​မြို့​အား``သင်​လို​ချင် တောင့်​တ​သည့်​အ​ရာ​များ​သည်​မ​ရှိ​တော့​ပြီ။ စည်း စိမ်​ချမ်း​သာ​ဂုဏ်​ကျက်​သ​ရေ​တို့​သည်​လည်း​ကွယ် ပျောက်​သွား​လေ​ပြီ။ ထို​အ​ရာ​များ​ကို​သင်​သည် နောက်​တစ်​ဖန်​ရ​ရှိ​တော့​မည်​မ​ဟုတ်'' ဟု​ဆို ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​တော​ကန္တာ​ရ​၌​အာ​သာ​ရမ္မက် ဖြစ်​ပေါ်​လာ​သည့်​အ​လျောက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။

သူ​တို့​သည်​စား​လို​သည့်​အ​စား​အ​စာ​ကို တောင်း​ဆို​ခြင်း​အား​ဖြင့်​တ​မင်​သက်​သက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။

ထို​အ​ရပ်​တွင်​အ​သား​ကို​တောင့်​တ​သူ​တို့​၏ အ​လောင်း​များ​ကို​မြုပ်​နှံ​ခဲ့​ရ​သ​ဖြင့် ကိ​ဗြုတ် ဟတ္တ​ဝါ​သို့​မ​ဟုတ်​တောင့်​တ​သူ​တို့​၏​သင်္ချိုင်း ဟူ​၍​နာ​မည်​မှည့်​ခေါ်​လေ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​လိုက် ပါ​လာ​သော နိုင်​ငံ​ခြား​သား​တို့​သည်​အ​သား ကို​တောင့်​တ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင်``အ​သား​ကို​စား​ချင်​လှ​ပါ​ဘိ။-

ထို​သို့​မ​ဟုတ်​ပါ​မူ​အ​ဘယ်​ကြောင့်​နည်း။ ဝတ် ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​ကို​ကြည့်​ရှု​ကြ ရန်​လော။ ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား​သူ​များ ကား​မင်း​အိမ်​စိုး​အိမ်​များ​တွင်​နေ​ထိုင်​ကြ​၏။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။

``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-

ဤ​သာ​ဋ္ဌ​က​ကား​ဆိုး​ညစ်​မှု​များ​ကို​ထို​သူ​တို့ ပြု​လုပ်​လို​သ​ကဲ့​သို့ ငါ​တို့​မ​ပြု​လုပ်​ကြ​စေ​ရန် လည်း​ကောင်း၊ ကျမ်း​စာ​တော်​တွင် ``လူ​တို့​သည်​ထိုင် ၍​စား​သောက်​ကြ​ပြီး​နောက်​အ​သောက်​ကြူး​လျက် မြူး​တူး​ပျော်​ပါး​ကြ​၏'' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ၊ အ​ချို့​တို့​သည်​ရုပ်​တု​ကို​ပူ​ဇော်​ပ​သ ကြ​သ​ကဲ့​သို့ ငါ​တို့​မ​ပူ​ဇော်​မ​ပ​သ​ကြ စေ​ရန်​လည်း​ကောင်း​သ​တိ​ပေး​ခြင်း​ပင်​ဖြစ်​၏။-

သင်​တို့​သည်​မိ​မိ​တို့​အ​လို​ရှိ​သော​အ​ရာ များ​ကို​မ​ရ​နိုင်​သ​ဖြင့်​လူ့​အ​သက်​ကို​သတ် ရန်​အ​သင့်​ရှိ​ကြ​၏။ မိ​မိ​တို့​လွန်​စွာ​လို​လား တောင့်​တ​သည့်​အ​ရာ​များ​ကို​မ​ရ​နိုင်​သ​ဖြင့် အ​ငြင်း​ပွား​ကြ​၏။ ရန်​ဖြစ်​ကြ​၏။ သင်​တို့​လို လား​သော​အ​ရာ​ကို​မ​ရ​ရှိ​ကြ​သည့်​အ​ကြောင်း မှာ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​မ​တောင်း​မ​လျှောက် ကြ​သော​ကြောင့်​ဖြစ်​၏။-

သစ်​ကြံ​ပိုး၊ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်၊ နံ့​သာ​ပေါင်း၊ မု​ရန်၊ ဆီ​မွှေး။ လော်​ဗန်၊ စ​ပျစ်​ရည်၊ ဆီ၊ ဂျုံ​မှုန့်၊ ဂျုံ​ဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရ​ထား၊ ကျွန်၊ လူ့​အ​သက်​များ ပင်​ဖြစ်​လေ​သည်။-

ဗာ​ဗု​လုန်​မြို့​ကို​အ​မှီ​ပြု​၍​ထို​ကုန်​ပစ္စည်း​များ ကို​ရောင်း​ဝယ်​ခြင်း​အား​ဖြင့်​ချမ်း​သာ​ကြွယ်​ဝ လာ​သော​ကုန်​သည်​ကြီး​များ​သည်​ထို​မြို့​ခံ​ရ သည့်​ဒဏ်​ကြောင့်​ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး မှ​ရပ်​လျက်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ