Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 16:8

Common Language Bible

ထို​နောက်​စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ၏​ဖ​လား​မှ အ​မျက်​တော်​ကို​နေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​နေ​သည်​လူ​တို့​အား အ​ပူ​ရှိန်​ဖြင့် ကျွမ်း​လောင်​စေ​နိုင်​ခွင့်​ကို​ရ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​နန်း စံ​တော်​မူ​တော့​မည်​ဖြစ်​၍ လ​သည်​မိုက်​လျက် နေ​လိမ့်​မည်။ နေ​သည်​လည်း​နောက်​တစ်​ဖန်​ထွန်း လင်း​တော့​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​ယေ​ရု ရှ​လင်​မြို့၊ ဇိ​အုန်​တောင်​ပေါ်​တွင်​စိုး​စံ​တော် မူ​လိမ့်​မည်။ ပြည်​သူ​တို့​၏​ဦး​စီး​ခေါင်း​ဆောင် များ​သည်​လည်း ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

နေ​ထွက်​လာ​ပြီး​နောက်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​လေ​ပူ​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ယော​န သည်​မိ​မိ​ဦး​ခေါင်း​ပေါ်​သို့​ကျ​ရောက်​လာ​သည့် အ​ပူ​ရှိန်​ကြောင့် မေ့​လု​မ​တတ်​ဖြစ်​ပြီး​လျှင် သေ​ချင်​စိတ်​ပေါက်​လာ​၏။ သို့​ဖြစ်​၍​ယော​န က``ငါ့​အ​ဖို့​မှာ​အ​သက်​ရှင်​နေ​ရ​ခြင်း​ထက် သေ​ရ​ခြင်း​က​ပို​၍​ကောင်း​လိမ့်​ဦး​မည်'' ဟု မြည်​တမ်း​၏။

နေ​ထွက်​သော​အ​ခါ​နေ​ပူ​လောင်​၍​အ​မြစ်​မ​စွဲ သည့်​အ​တွက်​ညှိုး​နွမ်း​၍​သွား​ကြ​၏။-

``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ထူး​နေ့​မြတ်​ကြီး​မ​ကျ ရောက်​မီ နေ​သည်​မှောင်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း​သွေး​ကဲ့​သို့​နီ​လိမ့်​မည်။

ထို​နောက်​မီး​ကို​အ​စိုး​ရ​သော​ကောင်း​ကင်​တ​မန် သည် ယဇ်​ပလ္လင်​တော်​မှ​ထွက်​လာ​၏။ သူ​သည်​တံ​စဉ် ကို​ကိုင်​ထား​သည့်​ကောင်း​ကင်​တ​မန်​အား``သင်​၏ တံ​စဉ်​ကို​ယူ​၍ ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​တို့ ကို​ရိတ်​သိမ်း​လော့။ စ​ပျစ်​သီး​များ​မှည့်​လေ​ပြီ'' ဟု​အ​သံ​ကျယ်​စွာ​ပြော​၏။-

ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ဆ​ဋ္ဌ​မ​ချိပ် တံ​ဆိပ်​တော်​ကို​ဖွင့်​လေ​လျှင် မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ နေ​သည်​ဂုံ​အိတ်​ထည်​မည်း​ကဲ့ သို့​မည်း​နက်​လာ​၏။ လ​တစ်​ဝန်း​လုံး​သည် လည်း​သွေး​ကဲ့​သို့​နီ​လာ​၏။-

သူ​တို့​သည်​နောက်​တစ်​ဖန်​အ​စာ​ရေ​စာ မ​ငတ်​မွတ်​ရ​ကြ။ နေ​ရောင်​ခြည်​သည်​လည်း ကောင်း၊ ပြင်း​ထန်​သော​အ​ပူ​ရှိန်​သည်​လည်း ကောင်း​သူ​တို့​အ​ပေါ်​သို့​မ​ကျ​ရောက်​ရ။-

စတုတ္ထ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​လိုက် သော​အ​ခါ​နေ​၏​သုံး​ပုံ​တစ်​ပုံ၊ လ​၏​သုံး​ပုံ တစ်​ပုံ၊ ကြယ်​တာ​ရာ​များ​၏​သုံး​ပုံ​တစ်​ပုံ​တို့ သည်​ကပ်​သင့်​ကြ​သ​ဖြင့်​၎င်း​တို့​၏​အ​လင်း​သည် သုံး​ပုံ​တစ်​ပုံ​လျော့​နည်း​သွား​လေ​၏။ နေ့​၏​သုံး ပုံ​တစ်​ပုံ၊ ည​၏​သုံး​ပုံ​တစ်​ပုံ​သည်​အ​လင်း မ​ရ​ကြ။

သူ​သည်​တွင်း​နက်​ကြီး​ကို​ဖွင့်​လိုက်​သော​အ​ခါ မီး​ခိုး​သည်​မီး​ဖို​ကြီး​မှ​ထွက်​သည့်​အ​လား ထွက်​လာ​လေ​သည်။ ထို​မီး​ခိုး​ကြောင့်​နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည်​မှောင်​မဲ​၍​သွား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ