ဗျာဒိတ် 16:18Common Language Bibleထိုနောက်လျှပ်ပန်းလျှပ်နွယ်များ၊ တော်လဲသံများ၊ မိုးကြိုးသံများထွက်ပေါ်လျက်မြေငလျင်ပြင်း စွာလှုပ်လေ၏။ လူ့သမိုင်းတွင်ဤမျှပြင်းထန်စွာ မြေငလျင်လှုပ်ခြင်းမရှိဘူးချေ။- အခန်းကိုကြည့်ပါ။ |
ပိတ်ချောအင်္ကျီကိုဝတ်ဆင်ထားသော ကောင်းကင်တမန်က``ထိုကာလ၌ကြီး မြတ်သောကောင်းကင်တမန်မိက္ခေလသည် ပေါ်လာလိမ့်မည်။ သူသည်သင်၏အမျိုးသား များကိုစောင့်ထိန်းသောသူဖြစ်၏။ ထိုနောက် လူမျိုးအပေါင်းတို့ဖြစ်ပေါ်လာချိန်မှအစ ပြု၍ အဘယ်အခါ၌မျှမကြုံဘူးသော ဆင်းရဲဒုက္ခများဆိုက်ရောက်ရာကာလကျ ရောက်လာလိမ့်မည်။ ထိုအခါ၌ဘုရားသခင်၏စာစောင်တော်တွင်စာရင်းဝင် သူ သင်၏အမျိုးသားအပေါင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။-