Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 16:13

Common Language Bible

ထို​နောက်​ငါ​သည်​ဖား​နှင့်​တူ​သည့်​ညစ်​ညမ်း​သော နတ်​သုံး​ပါး​ကို​တွေ့​မြင်​ရ​၏။ သူ​တို့​သည်​န​ဂါး၊ သား​ရဲ၊ မိစ္ဆာ​ပ​ရော​ဖက်​တို့​၏​ခံ​တွင်း​အ​သီး သီး​မှ​ထွက်​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘု​ရင့်​နန်း​တော်​အ​ပါ​အ​ဝင်​သူ​တို့​၏​ပြည်​သည် ဖား​များ​နှင့်​ပြည့်​လေ​၏။

ကိုယ်​တော်​သည်​သူ​တို့​အား​အ​တိ​ဒုက္ခ​ပေး​သည့် ယင်​ရဲ​များ​ကို​လည်း​ကောင်း၊ သူ​တို့​၏​လယ်​ယာ​များ​ကို​ဖျက်​ဆီး​ကြ​သည့် ဖား​များ​ကို​လည်း​ကောင်း​သူ​တို့​ထံ​သို့​စေ လွှတ်​တော်​မူ​၏။

``သိုး​ရေ​ခြုံ​ဝံ​ပု​လွေ​သား​ရဲ​နှင့်​တူ​သော​မိစ္ဆာ ပ​ရော​ဖက်​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။-

သူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​သော နတ်​မိစ္ဆာ​များ​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ကြီး​စစ်​ပွဲ​သို့ ဝင်​ရန် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​ရှင်​ဘု​ရင်​များ​အား စု​ရုံး​ခြင်း​ငှာ​သူ​တို့​သည်​ထွက်​ခွာ​သွား​ကြ​၏။

သူ​သည်​အ​သံ​ကျယ်​စွာ​ဖြင့်``ဗာ​ဗု​လုန်​မြို့​ကြီး သည်​ပျက်​သုဉ်း​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကြီး​ပျက် သုဉ်း​လေ​ပြီ။ ယ​ခု​ထို​မြို့​သည်​နတ်​မိစ္ဆာ​များ နှင့်​ညစ်​ညမ်း​သော​နတ်​တို့​နေ​ထိုင်​ရာ၊ စက်​ဆုပ် ဖွယ်​ကောင်း​သည့်​ငှက်​ဆိုး​တို့​မှီ​ခို​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။-

သား​ရဲ​နှင့်​တ​ကွ​သူ​၏​ရှေ့​တွင်​နိ​မိတ်​လက္ခ​ဏာ များ​ကို​ပြ​သော​မိစ္ဆာ​ပ​ရော​ဖက်​သည်​အ​ဖမ်း​ခံ ရ​၏။ (ထို​မိစ္ဆာ​ပ​ရော​ဖက်​ကား​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​ခံ​ယူ​၍ သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​သူ​များ အား​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ခြင်း​အား​ဖြင့် မှောက်​မှား​လမ်း​လွဲ​စေ​သူ​ဖြစ်​သ​တည်း။) ထို​သူ နှစ်​ဦး​စ​လုံး​ပင်​လျှင်​တောက်​လောင်​နေ​သော​ကန့် မီး​အိုင်​ထဲ​သို့​အ​ရှင်​လတ်​လတ်​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​၏။-

သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ