ဗျာဒိတ် 16:11Common Language Bibleမိမိတို့၏ဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကိုကျိန်ဆဲကြ ၏။ မိမိတို့၏အပြစ်များအတွက်နောင်တမရ ကြ။ အခန်းကိုကြည့်ပါ။ |
ထိုအမိန့်တော်တွင်``ဤအမိန့်ကားပေရသိ ဧကရာဇ်ကုရု၏အမိန့်တော်ဖြစ်၏။ ကောင်း ကင်ဗိုလ်ခြေဘုရင်ဘုရားသခင်ထာဝရ ဘုရားသည်ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကို အုပ်စိုးစေတော်မူ၍ ယုဒပြည်ယေရုရှလင် မြို့၌ကိုယ်တော်၏အတွက် ဗိမာန်တော်ကို တည်ဆောက်ရန်တာဝန်ကိုငါ့အားပေးအပ် တော်မူလေပြီ။ ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြကုန်သောသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားကြလော့။ ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဖော်ပြပါရှိလေသည်။ ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-