Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 14:8

Common Language Bible

ထို​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​ပေါ်​လာ ပြီး​လျှင်၊ ``ဗာ​ဗု​လုန်​မြို့​ကြီး​ပြို​ပျက်​လေ​ပြီ၊ ပြို​ပျက်​လေ​ပြီ။ ထို​မြို့​သည်​ကာ​မ​ဂုဏ်​လိုက် စား​မှု​တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို​လူ​မျိုး တ​ကာ​တို့​အား​တိုက်​လေ​ပြီ'' ဟု​ကြွေး​ကြော်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဤ​ဗျာ​ဒိတ်​တော်​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ဗာ​ဗု​လုန်​ပြည်​နှင့်​ပတ်​သက်​၍ အာ​မုတ်​၏ သား​ဟေ​ရှာ​ယ​ခံ​ယူ​ရ​ရှိ​သည့်​ဗျာ​ဒိတ် တော်​ဖြစ်​၏။

မြင်း​စီး​သူ​ရဲ​တို့​သည်​နှစ်​ယောက်​တစ်​တွဲ​နှစ် ယောက်​တစ်​တွဲ​ရုတ်​တ​ရက်​ပေါ်​လာ​ကြ​၏။ ထို ကြောင့်​ကင်း​စောင့်​က``ဗာ​ဗု​လုန်​မြို့​ကျ​ဆုံး သွား​လေ​ပြီ။ သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​မှန် သ​မျှ​သည်​လည်း​မြေ​ပေါ်​တွင်​ကျိုး​ပဲ့​ကြေ​မွ လျက်​နေ​ပါ​၏'' ဟု​သ​တင်း​ပေး​ပို့​လိုက်​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​နှင့် ထို ပြည်​သူ​ပြည်​သား​တို့​ကို​ရည်​မှတ်​၍​ငါ့ အား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊

ထို​နောက်`ဗာ​ဗု​လုန်​မြို့​သည်​ဤ​အ​တိုင်း​ဖြစ် ပျက်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပျက်​စီး စေ​တော်​မူ​မည်​ဖြစ်​၍ ထို​မြို့​သည်​နစ်​မြုပ် ပြီး​လျှင်​နောက်​တစ်​ဖန်​ပြန်​၍​ပေါ်​လာ​လိမ့် မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​ဆို​၏။ ဤ​ကား​ယေ​ရ​မိ​မှာ​ကြား​သည့်​စ​ကား​များ ပြီး​ဆုံး​သ​တည်း။

``ငါ​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ထင်​ရှား​စေ ရန်​နေ​ပြည်​တော်​အ​ဖြစ်​ဖြင့် ငါ​တည်​ထောင်​ခဲ့ သော​ဗာ​ဗု​လုန်​မြို့​သည်​လွန်​စွာ​ကြီး​ကျယ် ခမ်း​နား​လှ​ပါ​သည်​တ​ကား'' ဟု​မြွက်​ဆို​၏။

သင်​၏​အ​နာ​များ​အ​တွက်​ဆေး​မ​ရှိ။ သင် ၏​ဒဏ်​ရာ​များ​ကို​လည်း​ပျောက်​ကင်း​အောင် ကု​သ​၍​မ​ရ​နိုင်။ သင်​ဆုံး​ပါး​ပျက်​စီး သည့်​သ​တင်း​ကို​ကြား​သိ​ကြ​သူ​အ​ပေါင်း တို့​သည်​ဝမ်း​မြောက်​ဝမ်း​သာ​လက်​ခုပ်​တီး ကြ​၏။ အ​ဘယ်​သူ​မျှ​သင်​၏​အ​တိုင်း​မ​သိ ရက်​စက်​ကြမ်း​ကြုတ်​မှု​နှင့်​ကင်း​လွတ်​ခဲ့​သည် ဟူ​၍​မ​ရှိ။ ပ​ရော​ဖက်​နာ​ဟုံ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

သူ​တို့​၏​အ​လောင်း​များ​သည်​မြို့​ကြီး​များ ၏​လမ်း​ပေါ်​တွင်​ကျန်​ရစ်​ကြ​လိမ့်​မည်။ ထို​မြို့ ကား​သူ​တို့​၏​အ​ရှင်​သ​ခင်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​အ​သတ်​ခံ​ရာ​မြို့​ဖြစ်​၏။ ယင်း​မြို့ သည် သော​ဒုံ​မြို့​သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​ကို သ​ရုပ်​ဆောင်​သော​မြို့​ဖြစ်​သ​တည်း။-

မြို့​ကြီး​သည်​သုံး​ပိုင်း​ကွဲ​လေ​၏။ ကမ္ဘာ​ပေါ်​ရှိ​မြို့ များ​သည်​လည်း​ပြို​ပျက်​ကုန်​၏။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​ကြီး​ကို​သ​တိ​ရ​တော်​မူ​လျက် မိ​မိ ၏​ဖ​လား​မှ​ပြင်း​ထန်​သော​အ​မျက်​တော်​တည်း​ဟူ သော​စ​ပျစ်​ရည်​ကို​သောက်​စေ​တော်​မူ​၏။-

သင်​မြင်​ရ​သည့်​အ​မျိုး​သ​မီး​ကား​ကမ္ဘာ​ပေါ် ရှိ​ရှင်​ဘု​ရင်​တို့​ကို​အုပ်​စိုး​သည့်​မြို့​ကြီး​ဖြစ် သ​တည်း'' ဟု​ဆို​၏။

ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ