ဗျာဒိတ် 14:2Common Language Bibleကောင်းကင်မှသမုဒ္ဒရာဟုန်းသံနှင့်မိုးချုန်း သံကြီးကဲ့သို့သောအသံကို ငါကြားရ၏။ ထိုအသံသည်စောင်းသမားများတီးသည့် စောင်းသံနှင့်တူ၏။- အခန်းကိုကြည့်ပါ။ |
ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။-
ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊