ဗျာဒိတ် 14:15Common Language Bibleအခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်လျက် နေသူအား``ကမ္ဘာမြေကြီးပေါ်၌စပါးများ ကောင်းစွာမှည့်ပြီဖြစ်၍ရိတ်သိမ်းရန်အချိန် ကျရောက်လေပြီ။ ထို့ကြောင့်ကိုယ်တော်၏ တံစဉ်ကိုယူ၍ရိတ်သိမ်းတော်မူပါ'' ဟု အသံကျယ်စွာပြောဆို၏။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည်အလွန်ယုတ်မာကြ၏။ ကောက်ရိတ်ချိန်၌ဂျုံနှံကိုဖြတ်သကဲ့သို့ သူတို့ကိုခုတ်ဖြတ်ကြလော့။ စပျစ်သီးများနှင့်ပြည့်လျက်နေသော အသီးနယ်ရာကျင်းမှစပျစ်ရည်များ လျှံတက်လာသည်တိုင်အောင်၊ စပျစ်သီးများကိုနင်းချေသကဲ့သို့ ထိုသူတို့ကို နင်းချေကြလော့'' ဟုမိန့်တော်မူ၏။
ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
သူတို့သည်ကယ်တင်ခြင်းတရားကိုလူမျိုး ခြားတို့အား ငါတို့ဟောပြောမှုကိုပင်လျှင် တားဆီးရန်ကြိုးစားကြသည်။ ဤအပြစ် သည်သူတို့ကူးလွန်နေကျဖြစ်သော အပြစ်များကို ပြည့်စုံအောင်နောက်ဆုံး ကူးလွန်သောအပြစ်ဖြစ်၏။ သို့ဖြစ်၍ နောက်ဆုံး၌ဘုရားသခင်၏အမျက် တော်သည်သူတို့အပေါ်သို့သက်ရောက် လေပြီ။