Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 13:1

Common Language Bible

ထို​နောက်​ပင်​လယ်​ထဲ​မှ​ဦး​ချို​ဆယ်​ချောင်း နှင့်​ဦး​ခေါင်း​ခု​နစ်​လုံး​ရှိ​သော သား​ရဲ​တစ် ကောင်​တက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​၏ ဦး​ချို​တစ်​ချောင်း​စီ​တွင်​သ​ရ​ဖူ​ဆောင်း​ထား ၏။ သူ​၏​ဦး​ခေါင်း​တစ်​လုံး​စီ​ပေါ်​၌​လည်း ဘု​ရား​သ​ခင်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ သည့်​အ​မည်​နာ​မ​ကို​ရေး​သား​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​မ​ကြောက်​ကြ​သ​နည်း။ ငါ​၏​ရှေ့​တော်​၌​အ​ဘယ်​ကြောင့်​မ​တုန်​မ​လှုပ်​ကြ​သ​နည်း။ ငါ​သည်​ပင်​လယ်​အ​တွက်​နယ်​နိ​မိတ်၊ ပင်​လယ်​ရေ​မ​ကျော်​မ​ဖြတ်​နိုင်​သည့်​အ​မြဲ​တမ်း​နယ်​နိ​မိတ်​ကို​သဲ​များ​ဖြင့်​သတ်​မှတ်​ထား​၏။ ပင်​လယ်​သည်​လှိုင်း​တံ​ပိုး​ထ​နိုင်​သော်​လည်း ထို​နယ်​နိ​မိတ်​ကို​မ​ဖြတ်​မ​ကျော်​နိုင်။ လှိုင်း​တံ​ပိုး​တို့​သည်​ထ​၍​မြည်​ဟည်း​သော်​လည်း ထို​နယ်​စပ်​ကို​မ​ကျော်​မ​လွန်​နိုင်။-

``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​စိတ်​ဆန္ဒ​ရှိ သည်​အ​တိုင်း​ပြု​လိမ့်​မည်။ မိ​မိ​သည်​ဘု​ရား အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟူ​၍​လည်း ကောင်း၊ အမြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ထက် ပင်​ကြီး​မြတ်​သည်​ဟူ​၍​လည်း​ကောင်း ကြွား​ဝါ ပြော​ဆို​လိမ့်​မည်။ သူ​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ချိန်​တိုင်​အောင် ဤ​သို့​ကြွား​ဝါ​နိုင်​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ အ​စည်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ မည်​ဖြစ်​သော​ကြောင့်​တည်း။-

ရုပ်​တု​ကြီး​၏​ခြေ​ဖ​မိုး​နှင့်​ခြေ​ချောင်း​များ သည်​ရွှံ့​စေး​သ​ရွတ်​တစ်​ပိုင်း၊ သံ​တစ်​ပိုင်း​ဖြစ် ကြောင်း​ကို​အ​ရှင်​မင်း​ကြီး​တွေ့​မြင်​တော်​မူ ရ​သည်​နှင့်​အ​ညီ အင်​ပါ​ယာ​နိုင်​ငံ​သည်​စိတ် ဝမ်း​ကွဲ​ပြား​သော​နိုင်​ငံ​ဖြစ်​ပါ​လိမ့်​မည်။ သံ နှင့်​ရွှံ့​စေး​သ​ရွတ်​ရော​၍​နေ​သည်​ကို​ထောက် ၍ ထို​နိုင်​ငံ​တွင်​သံ​ကဲ့​သို့​ခိုင်​မာ​တောင့်​တင်း မှု​အ​ချို့​အ​ဝက်​ရှိ​ပါ​လိမ့်​မည်။-

သို့​ရာ​တွင်​သူ​တို့​ဟော​ပြော​ကြေ​ညာ​သည့် အ​လုပ်​ပြီး​စီး​သော​အ​ခါ​၌ တွင်း​နက်​ကြီး ထဲ​မှ​သား​ရဲ​သည်​တက်​လာ​၍​သူ​တို့​အား တိုက်​ခိုက်​အောင်​မြင်​သတ်​ဖြတ်​ပစ်​လိမ့်​မည်။-

မိုး​ကောင်း​ကင်​တွင်​အ​ခြား​အ​တိတ်​နိ​မိတ် တစ်​ရပ်​ပေါ်​လာ​ပြန်​၏။ ဦး​ခေါင်း​ခု​နစ်​လုံး၊ ဦး ချို​ဆယ်​ချောင်း​ရှိ​သော​နဂါး​နီ​ကြီး​တစ်​ကောင် သည်​မိ​မိ​၏​ဦး​ခေါင်း​များ​ပေါ်​တွင်​သ​ရ​ဖူ ခု​နစ်​လုံး​ကို​ဆောင်း​၍​ထား​၏။-

ထို​နောက်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​ငါ​မြင် ရ​၏။ သူ​သည်​မြေ​ကြီး​ထဲ​မှ​ထွက်​လာ​၏။ သူ့ မှာ​သိုး​ချို​နှင့်​တူ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​၏။ သူ​သည်​န​ဂါး​ကဲ့​သို့​စ​ကား​ပြော​၏။-

သူ​သည်​ပ​ထ​မ​သား​ရဲ​၏​ရှေ့​၌​ပြ​ပိုင်​ခွင့် ရှိ​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​၍ ကမ္ဘာ သူ​ကမ္ဘာ​သား​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ လေ​သည်။ ဋ္ဌား​ဒဏ်​ရာ​ကို​ရ​ရှိ​သော်​လည်း မ​သေ​ဘဲ​ရှင်​နေ​သူ​ထို​သား​ရဲ​အား ရို​သေ ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့်​သူ​၏​ရုပ်​တု​ကို​ပြု လုပ်​ရန်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​စေ​ခိုင်း ၏။-

ထို​ရုပ်​တု​သည်​စ​ကား​ပြော​နိုင်​ရန်​လည်း ကောင်း၊ မိ​မိ​အား​မ​ရှိ​ခိုး​သူ​အ​ပေါင်း​တို့ အား​သေ​စေ​နိုင်​ရန်​လည်း​ကောင်း ဒု​တိ​ယ သား​ရဲ​သည်​ထို​ရုပ်​တု​ကို​အ​သက်​သွင်း ပေး​ခွင့်​ကို​လည်း​ရ​၏။-

ထို​နောက်​ငါ​သည်​မီး​နှင့်​ရော​သည့်​ဖန်​ရေ​ကန် နှင့်​တူ​သော​အ​ရာ​တစ်​ခု​ကို​မြင်​ရ​၏။ သား​ရဲ နှင့်​သူ​၏​ရုပ်​တု​အား​လည်း​ကောင်း၊ ကိန်း​ဂ​ဏန်း ၏​နာ​မည်​ကို​ပိုင်​ဆိုင်​သူ​အား​လည်း​ကောင်း၊ အ​နိုင်​ရ​သူ​များ​ကို​လည်း​ငါ​မြင်​ရ​၏။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​စောင်း​များ ကို​ကိုင်​လျက်​ဖန်​ရေ​ကန်​အ​နီး​တွင်​ရပ်​လျက် နေ​ကြ​၏။-

ထို​နောက်​ငါ​သည်​ဖား​နှင့်​တူ​သည့်​ညစ်​ညမ်း​သော နတ်​သုံး​ပါး​ကို​တွေ့​မြင်​ရ​၏။ သူ​တို့​သည်​န​ဂါး၊ သား​ရဲ၊ မိစ္ဆာ​ပ​ရော​ဖက်​တို့​၏​ခံ​တွင်း​အ​သီး သီး​မှ​ထွက်​လာ​ကြ​၏။-

သင်​မြင်​ရ​သော​သား​ရဲ​နှင့်​ဦး​ချို​ဆယ်​ချောင်း တို့​သည် ပြည့်​တန်​ဆာ​မ​ကို​မုန်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပြည့်​တန်​ဆာ​မ​ထံ​မှ​ရှိ​သ​မျှ ကို​ချွတ်​ယူ​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ် စေ​ကြ​လိမ့်​မည်။ သူ​၏​အ​သား​ကို​စား​၍​သူ့ ကို​မီး​ရှို့​ကြ​လိမ့်​မည်။-

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ဝိညာဉ်​တော်​အား ဖြင့် ငါ့​အား​တော​ကန္တာ​ရ​သို့​ဆောင်​ယူ​သွား​၏။ ထို အ​ရပ်​တွင်​သား​ရဲ​နီ​ပေါ်​၌​ထိုင်​နေ​သော​အ​မျိုး သ​မီး​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။ သား​ရဲ​၏ ကိုယ်​တစ်​ကိုယ်​လုံး​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏ အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သည့်​အ​မည်​နာ​မ များ​ကို အ​နှံ့​အ​ပြား​ရေး​သား​ထား​၏။ သူ့ မှာ​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​၏။-

သူ​၏​န​ဖူး​ပေါ်​တွင်``ပြည့်​တန်​ဆာ​အ​ပေါင်း​နှင့် လော​က​၌​စက်​ဆုပ်​ဖွယ်​ရာ​များ​၏​မိ​ခင်၊ ဗာ​ဗု လုန်​မြို့​ကြီး'' ဟူ​၍​လျှို့​ဝှက်​သည့်​အ​နက်​ရှိ သော​ကမ္ပည်း​ကို​ရေး​ထိုး​ထား​၏။-

ထို​နောက်​သား​ရဲ​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင် များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ပါ​တို့​သည်​မြင်း​ဖြူ ကို​စီး​တော်​မူ​သော​အ​ရှင်​နှင့်​သူ​၏​စစ်​သည်​တော် များ​ကို​တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​သည်​ကို​ငါ​မြင် ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ