ဖိလေမုန် 1:8Common Language Bibleဤအကြောင်းကြောင့်ငါသည်ခရစ်တော်၌ညီ အစ်ကိုချင်းအနေဖြင့် သင်ပြုသင့်သည့်အမှု အရာကိုပြုရန်အမိန့်ပေးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သော်လည်း ငါသည်သင့်ကိုချစ်သော ကြောင့်သင့်အားမေတ္တာရပ်ခံပါ၏။ ခရစ်တော် ယေရှု၏သံတမန်ဖြစ်သူ၊ ယခုအခါခရစ် တော်ယေရှုအတွက်အကျဉ်းခံနေရသူငါ ပေါလုသည်သင့်အားမေတ္တာရပ်ခံပါ၏။- အခန်းကိုကြည့်ပါ။ |
ငါတို့သည်သင်တို့ရှိရာသက်သာလောနိတ် မြို့သို့မလာမီ ဖိလိပ္ပိမြို့တွင်ညှဉ်းပန်းစော် ကားမှုတို့ကိုခံခဲ့ရကြောင်းသင်တို့သိကြ၏။ ယင်းသို့အတိုက်အခံပြုခြင်းခံရသော်လည်း သင်တို့အားဘုရားသခင်၏သတင်းကောင်း ကိုကြေညာဟောပြောနိုင်ရန်စွမ်းရည်သတ္တိ ကို ငါတို့အားဘုရားသခင်ပေးတော်မူ၏။-
ငါတို့သည်ခရစ်တော်၏တမန်တော်များ အနေဖြင့်သင်တို့ထံတွင်အခွင့်အရေးများ ကိုတောင်းဆိုနိုင်၏။ သို့သော်သင်တို့၏အချီး အမွမ်းကိုသော်လည်းကောင်း၊ အခြားသူတို့ ၏အချီးအမွမ်းကိုသော်လည်းကောင်းခံ ရစေရန်ငါတို့မကြိုးစား။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ်အခါက သား သမီးများအားယုယစွာပြုစုသည့် မိခင်ကဲ့သို့သင်တို့အားပြုစုခဲ့ကြ၏။-