ဖိလေမုန် 1:6Common Language Bibleယုံကြည်သူများဖြစ်ကြသောသင်နှင့်ငါတို့ သည် အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းအား ဖြင့် ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါတို့ခံစားရသည့်ကောင်းချီးမင်္ဂလာအပေါင်း ကိုပိုမိုနက်နဲစွာသိရှိနားလည်နိုင်ကြရန် ငါဆုတောင်း၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။-
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။
ထိုနည်းတူစွာဇနီးတို့၊ သင်တို့ခင်ပွန်းများ ၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ ဤနည်းအား ဖြင့်သင်တို့တွင်ဘုရားသခင်၏နှုတ်ကပတ်တော် ကိုမယုံကြည်သူခင်ပွန်းများရှိပါမူ သင်တို့ ၏အကျင့်အကြံအပြုအမူကသူတို့အား ယုံကြည်လာစေလိမ့်မည်။ သင်တို့နှုတ်ဖြင့်ပြော ရန်ပင်မလိုပေ။-