Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 4:12

Common Language Bible

ငါ​သည်​ငတ်​မွတ်​သည်​ဖြစ်​စေ၊ ဝ​စွာ​စား​ရ သည်​ဖြစ်​စေ၊ ချို့​တဲ့​မှု​ရှိ​သည်​ဖြစ်​စေ၊ ပို​လျှံ မှု​ရှိ​သည်​ဖြစ်​စေ၊ မည်​သည့်​အ​ခြေ​အ​နေ၊ မည်​သည့်​အ​ရပ်​၌​နေ​ရ​သည်​မ​ဆို​ကျေ​နပ် ရောင့်​ရဲ​တတ်​ရန်​သင်​ယူ​ထား​ပြီး​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကောင်း​မြတ်​တော်​မူ​သ​ဖြင့် သူ​တို့​ပြု​ကျင့်​သင့်​သော​အ​မှု​အ​ရာ​များ​ကို သွန်​သင်​ပေး​တော်​မူ​ပါ​၏။ သူ​တို့​အား​မန္န​မုန့်​ကို​ကျွေး​၍​သူ​တို့​သောက်​ရန် ရေ​ကို​ပေး​တော်​မူ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​လိုက်​သည့် လမ်း​စဉ်​ကို​မ​လိုက်​ရန် ငါ့​အား​ကြပ်​မတ်​စွာ သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က၊-

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​မှ ထွက်​ခွာ​ခဲ့​ကြ​သော်​လည်း၊ မ​ကြာ​မီ​အ​ခါ​၌​ပင်​အ​ထံ​တော်​သို့​ပြန်​လာ​ရန် နောင်​တ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​ခြင်း​ကို​နား​လည်​ပြီး နောက် ကျွန်​တော်​မျိုး​တို့​သည်​ရင်​ကို​ထု​လျက် ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ငယ်​စဉ်​အ​ခါ​က အ​ပြစ်​ပြု​ခဲ့​ကြ​သော​ကြောင့် အ​ရှက်​ရ​၍​အ​သ​ရေ​ပျက်​ရ​ကြ​ပါ​၏။'

ငါ​သည်​နူး​ညံ့​သိမ်​မွေ့​၍​စိတ်​နှ​လုံး​နှိမ့်​ချ​၏။ ထို ကြောင့်​ငါ​တင်​သော​ထမ်း​ပိုး​ကို​ထမ်း​၍ ငါ​၏​ထံ​တွင် နည်း​နာ​ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​သု​ခ​ချမ်း​သာ ရ​ရှိ​ကြ​လိမ့်​မည်။-

သို့​ဖြစ်​၍​ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် တ​ပည့်​ဖြစ်​လာ​သူ​ကျမ်း​တတ်​ဆ​ရာ​သည်​မိ​မိ​၏ ဘဏ္ဍာ​တိုက်​ထဲ​မှ​ဥစ္စာ​ပစ္စည်း​အ​သစ်​နှင့်​အ​ဟောင်း​များ ကို​ထုတ်​ယူ​သော​အိမ်​ရှင်​နှင့်​တူ​၏'' ဟု​မိန့်​တော်​မူ​၏။

ခ​ရစ်​တော်​၏​စိတ်​နှိမ့်​ချ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု​တို့ ကို​အ​ကြောင်း​ပြု​၍​ငါ​သည်​သင်​တို့​အား​မေတ္တာ ရပ်​ခံ​ပါ​၏။ ငါ​ကား​သင်​တို့​ရှေ့​မှောက်​တွင်​ပျော့ ညံ့​၍​သင်​တို့​မျက်​ကွယ်​တွင်​မူ​ရဲ​စွမ်း​သတ္တိ​ရှိ သူ​ပေါ​လု​ပင်​ဖြစ်​ပေ​သည်။-

``ပေါ​လု​၏​စာ​များ​သည်​ပြင်း​ထန်​၍​အာ​ဏာ ပါ​သည့်​စာ​များ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ရှေ့​မှောက် ၌​မူ​သူ​သည်​သတ္တိ​ကြောင်​သူ၊ အ​ဟော​အ​ပြော ညံ့​သူ​ဖြစ်​သည်'' ဟု​ပြော​ဆို​သူ​ရှိ​လိမ့်​မည်။-

အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-

ငါ​သည်​သင်​တို့​၏​ဂုဏ်​ကို​မြှင့်​တင်​ရန် မိ​မိ​ကိုယ် ကို​နှိမ့်​ချ​လျက် ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​သင်​တို့​အား​အ​ခ​မဲ့​ကြေ​ညာ​ခြင်း​သည် မှား​ယွင်း​ပါ​သ​လော။-

ထို့​အ​ပြင်​ငါ​သည်​သင်​တို့​ထံ​၌​ရှိ​နေ​စဉ်​ကြေး ငွေ​လို​အပ်​ချိန်​၌​သင်​တို့​အား​ဒုက္ခ​မ​ပေး​ခဲ့။ မာ ကေ​ဒေါ​နိ​ပြည်​မှ​လာ​ကြ​သည့်​ညီ​အစ်​ကို​များ က​ငါ​လို​သ​မျှ​ကို​ယူ​ဆောင်​လာ​ကြ​၏။ ငါ သည်​မိ​မိ​၏​အ​တွက်​မည်​သို့​မျှ​သင်​တို့​အား ဝန်​မ​လေး​စေ​ခဲ့။ နောင်​ကို​လည်း​ဝန်​လေး​စေ​မည် မ​ဟုတ်။-

``ကိုယ်​တော်​သည်​သူ​တို့​ကို​လေ​ထန်​သော တော​ကန္တာ​ရ​၌​လှည့်​လည်​နေ​သည်​ကို တွေ့​မြင်​တော်​မူ​သ​ဖြင့်၊ မိ​မိ​၏​ရင်​သွေး​သ​ဖွယ်​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ