ဖိလိပ္ပိ 2:2Common Language Bibleသို့ဖြစ်၍သင်တို့သည်တစ်စိတ်တစ်ဝမ်းတည်းရှိ ခြင်း၊ အချင်းချင်းချစ်ခြင်း၊ စိတ်သဘောတညီ တညွတ်တည်းရှိခြင်းအားဖြင့်ငါ့အားအကြွင်း မဲ့ဝမ်းမြောက်စေကြလော့။- အခန်းကိုကြည့်ပါ။ |
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
ညီအစ်ကိုတို့၊ ကျန်းမာရွှင်လန်းကြပါစေ။ အပြစ် ဆိုဖွယ်မရှိသူများဖြစ်စေရန်ဆက်လက်ကြိုးစား ကြလော့။ ငါ၏မေတ္တာရပ်ခံချက်များကိုနာယူကာ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိ လျက်ငြိမ်းချမ်းစွာနေကြလော့။ သို့ပြုလျှင်မေတ္တာ တော်နှင့်ငြိမ်သက်ခြင်းအရှင်ဘုရားသခင် သည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ညီအစ်ကိုတို့၊ သခင်ဘုရားချစ်တော်မူသော သင်တို့ကိုအကြောင်းပြု၍ ငါတို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုအစဉ်အမြဲချီး မွမ်းရကြမည်။ သင်တို့သည်သမ္မာတရားတော် ကိုယုံကြည်ကြသည့်အတွက်ကြောင့်လည်း ကောင်း၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်ကိုယ်တော် ၏သန့်ရှင်းမြင့်မြတ်သောလူစုတော်ဝင်များ ဖြစ်လာသည့်အတွက်ကြောင့်လည်းကောင်း ဘုရားသခင်ဦးစွာပထမရွေးကောက် ကယ်တင်တော်မူသောလူစုတွင်သင်တို့ ပါဝင်ကြသည်ဖြစ်ရာကျေးဇူးတော်ကို ချီးမွမ်းရပေသည်။-