ဖိလိပ္ပိ 1:7Common Language Bibleသင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။- အခန်းကိုကြည့်ပါ။ |
အချင်းဖိလိပ္ပိအသင်းတော်သားတို့၊ ငါသည် မာကေဒေါနိပြည်မှထွက်ခွာ၍ သတင်းကောင်း ကိုစတင်ကြေညာသောအခါ၌ သင်တို့ အသင်းတော်တစ်ပါးတည်းကသာလျှင်ငါ့ အားကူညီခဲ့ကြောင်း၊ အမှုတော်ဆောင်လုပ် ငန်းတွင်သင်တို့ကသာလျှင် ငါနှင့်အတူ ဖက်စပ်အဖြစ်နှင့်အရှုံးအမြတ်ရှိလျက် လုပ်ဆောင်ခဲ့ကြကြောင်းကို သင်တို့ကိုယ် တိုင်ကောင်းစွာသိကြ၏။-
ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။
ငါကဲ့သို့အသင်းတော်ကိုအုပ်ထိန်းရသူများ ဖြစ်ကြသည့်သင်တို့အားမေတ္တာရပ်ခံလို၏။ ငါ သည်ခရစ်တော်ခံရသောဝေဒနာကိုတွေ့မြင် ရသူတစ်ဦးအနေနှင့်လည်းကောင်း၊ ပေါ်လွင် ထင်ရှားလတ္တံ့သောဘုန်းအသရေတော်ကို သင်တို့နှင့်အတူပါဝင်ခံယူရန်မျှော်လင့် သူတစ်ဦးအနေနှင့်လည်းကောင်းမေတ္တာ ရပ်ခံလို၏။-