ဖိလိပ္ပိ 1:26Common Language Bibleသို့ဖြစ်၍ငါသည်သင်တို့နှင့်တစ်ဖန်နေခွင့် ရသောအခါ၌ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်သူသင်တို့သည်ငါ့အတွက် ကြောင့်ပို၍ပင်ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါတို့၏အရှင်ယေရှုကြွလာတော်မူရာနေ့ ၌ငါတို့သည်သင်တို့အတွက်ဂုဏ်ယူဝါကြွား နိုင်သည့်နည်းတူ သင်တို့သည်လည်းငါတို့ အတွက်ဂုဏ်ယူဝါကြွားနိုင်ကြစေရန် သင် တို့သည်ယခုတစ်စိတ်တစ်ဒေသအားဖြင့် သာ သိရှိနားလည်ကြသည့်အကြောင်းအရာ များကိုပြည့်ဝစုံလင်စွာသိရှိနားလည် လာကြလိမ့်မည်ဟုငါမျှော်လင့်၏။
ဤသို့ဆိုရာ၌ငါတို့သည်တစ်ဖန်မိမိတို့ ကိုယ်ကိုဂုဏ်ဖော်လို၍မဟုတ်။ ငါတို့အပေါ် တွင်သင်တို့ဂုဏ်ယူဝါကြွားနိုင်ခွင့်ရရှိကြ စေရန်သာဖြစ်၏။ သို့မှသာလျှင်လူ၏အကျင့် စာရိတ္တကိုမထောက်ဘဲ ပြင်ပအဆင်းသဏ္ဌာန် ကိုသာထောက်၍ ဂုဏ်ယူဝါကြွားတတ်သူတို့ ၏စကားကိုသင်တို့ပြန်လည်ချေပနိုင် ကြပေမည်။-
ငါသည်တိတုအားသင်တို့အကြောင်းကိုကြွား ဝါခဲ့၏။ ယင်းသို့ကြွားဝါသည့်အတိုင်းဟုတ်မှန် ကြောင်းကိုသင်တို့ပြသလိုက်ပေပြီ။ ငါတို့ သည်သင်တို့အားဟုတ်မှန်ရာကိုသာလျှင် အစဉ်ပြောကြားခဲ့၏။ တိတုအားငါတို့ ကြွားဝါပြောဆိုခဲ့သောအရာများသည် လည်းဟုတ်မှန်လျက်နေပေပြီ။-
သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-
အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
ဤမျှအချိန်ကာလကြာညောင်းပြီးမှသင်တို့ သည် ငါ့အားမိမိတို့၏မေတ္တာစေတနာကိုတစ် ဖန်ပြန်၍ပြသကြသည့်အတွက် ငါသည် သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်းဖြစ်သူ တစ်ဦးအနေဖြင့်အလွန်ပင်ဝမ်းမြောက်ပါ၏။ ယခင်အခါကသင်တို့သည်ငါ၏အပေါ် တွင်မေတ္တာစေတနာမထားဘဲနေခဲ့ကြ သည်ဟုငါမဆိုလိုပါ။ ထိုမေတ္တာစေတနာ ကိုပြသနိုင်ခွင့်မရခဲ့ကြောင်းကိုသာ ဆိုလိုပါ၏။-