သို့သော်သင်တို့၏အကျိုးကိုထောက်၍ငါသည် အသက်ရှင်လျက်နေရန်ပို၍အရေးကြီး၏။-
သို့သော်သင်တို့အားငါအမှန်အကန်ပြော သည်ကား ငါသွားရခြင်းသည်သင်တို့အဖို့ ပို၍ကောင်း၏။ ငါမသွားလျှင်မစတော်မူ သောအရှင်သည်ကြွလာတော်မူမည်မဟုတ်။ ငါသွားလျှင်မူကားထိုအရှင်ကိုသင်တို့ ထံသို့ငါစေလွှတ်မည်။-
သို့ရာတွင်အကယ်၍ငါသည်ဆက်လက်အသက် ရှင်ခြင်းအားဖြင့်ပိုမိုအကျိုးပြုနိုင်မည်ဆို ပါက အသက်ရှင်ခြင်းနှင့်သေခြင်းတို့အနက် အဘယ်အရာကိုရွေးချယ်ရပါမည်နည်း။-
ငါ့မှာစိတ်နှစ်ခွဖြစ်လျက်နေတော့၏။ ငါသည်ဤ ဘဝကိုစွန့်၍ခရစ်တော်နှင့်အတူနေလိုလှပါ သည်။ သို့ပြုရလျှင်ငါ့အဖို့ပို၍အကျိုးရှိ၏။-