Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 1:18

Common Language Bible

ဟော​ပြော​သည့်​နည်း​မှာ​အ​ရေး​မ​ကြီး​ပါ။ မှား ယွင်း​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည်​ဖြစ်​စေ၊ မှန်​ကန်​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည် ဖြစ်​စေ​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော ခြင်း​သာ​ဖြစ်​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။ ဆက်​လက် ၍​ဝမ်း​မြောက်​လျက်​နေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။

မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း​ယူ ပြီး​လျှင် လူ​ကြား​ကောင်း​စေ​ရန်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​ပို​၍ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​စ​ကား​ကို နား​မ​လည်​ကြ။ ယင်း​သို့​နား​မ​လည်​ကြ​စေ​ရန် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကွယ်​ဝှက်​လျက်​ရှိ​သ​တည်း။ သူ တို့​သည်​လည်း​ကိုယ်​တော်​အား​မ​မေး​မ​လျှောက် ဝံ့​ကြ။

သ​ခင်​ယေ​ရှု​က ``ထို​သူ​ကို​မ​တား​မြစ်​ကြ နှင့်။ သင်​တို့​ကို​မ​ဆန့်​ကျင်​သူ​သည်​သင်​တို့ ဘက်​သား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​ပါ​မူ​ငါ​တို့​ယု​ဒ​လူ​မျိုး​သည်​လူ မျိုး​ခြား​တို့​ထက်​အ​ဘယ်​သို့​လျှင် သာ​လွန် ကောင်း​မွန်​သည့်​အ​ခြေ​အ​နေ​တွင်​ရှိ​ကြ သ​နည်း။ မည်​သို့​မျှ​သာ​လွန်​ကောင်း​မွန်​သည့် အ​ခြေ​အ​နေ​တွင်​မ​ရှိ​ကြ။ ယု​ဒ​လူ​မျိုး ရော​လူ​မျိုး​ခြား​ပါ​အ​ပြစ်​၏​အာ​ဏာ​စက် အောက်​တွင်​ရှိ​ကြ​ကြောင်း​ငါ​အ​ထက်​က ဖော်​ပြ​ခဲ့​ပြီး​ဖြစ်​၏။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက် အောက်​၌​မ​ရှိ​တော့​ဘဲ ကျေး​ဇူး​တ​ရား​၏​လက် အောက်​၌​ရှိ​ကြ​သ​ဖြင့်​အ​ပြစ်​ကူး​ကြ​ကုန် အံ့​ဟု​ဆို​ကြ​မည်​လော။ ထို​သို့​မ​ဆို​ရ။-

သို့​ဖြစ်​၍​ရုပ်​တု​သို့​မ​ဟုတ်​ရုပ်​တု​အား​ပူ​ဇော် သော​အ​စား​အ​စာ​အ​ရေး​ကြီး​သည်​ဟု​ငါ ဆို​လို​သ​လော။-

သို့​ဖြစ်​၍​အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ ငါ​သည် စိတ်​နှ​လုံး​အား​ဖြင့်​သာ​မ​က​အ​သိ​ဉာဏ်​အား ဖြင့်​လည်း​ဆု​တောင်း​ပတ္ထနာ​ပြု​မည်။ စိတ်​နှ​လုံး အား​ဖြင့်​သီ​ချင်း​ဆို​သည်​သာ​မ​က​အ​သိ ဉာဏ်​အား​ဖြင့်​လည်း​သီ​ဆို​မည်။-

သို့​ဖြစ်​၍​ငါ​ဖြစ်​စေ၊ ထို​သူ​တို့​ဖြစ်​စေ​ဤ အ​တိုင်း​ဟော​ပြော​ကြေ​ညာ​ကြ​သည်။ သင်​တို့ သည်​လည်း​ဤ​အ​တိုင်း​ပင်​ယုံ​ကြည်​ကြ​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကြောင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ဝိ​ညာဉ် တော်​၏​ကူ​ညီ​စောင်​မ​မှု​ကြောင့်​လည်း​ကောင်း ငါ​သည်​ဤ​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​မည် ဟု​ငါ​သိ​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ