Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 1:16

Common Language Bible

ဤ​သူ​တို့​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း ကောင်း​ကို​ကာ​ကွယ်​ဟော​ပြော​ရန်​ငါ့​အား​ဘု​ရား သ​ခင်​ခန့်​ထား​တော်​မူ​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​အ​လျောက်​ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။

ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။

ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​ဒဏ်​ခတ်​ခဲ့​သော​သူ တို့​ကို နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​ခဲ့​သော သူ​တို့ ခံ​ရ​သည့်​ဝေ​ဒ​နာ​အ​ကြောင်း​ကို​ပြော​ဆို ကြ​ပါ​၏။

အ​ကယ်​၍​ငါ​သည်​အ​လုပ်​ကို​ငါ​၏​ဆန္ဒ အ​လျောက်​ရွေး​ချယ်​လုပ်​ကိုင်​ပါ​မူ အ​ခ​ကြေး ငွေ​ကို​စောင့်​မျှော်​နိုင်​ပေ​သည်။ သို့​ရာ​တွင်​ဤ အ​လုပ်​ကို​ဘု​ရား​သ​ခင်​ငါ့​အား​ပေး​အပ် ထား​သ​ဖြင့် ငါ​သည်​ဝတ္တ​ရား​အ​နေ​ဖြင့် လုပ်​ဆောင်​ရ​၏။-

ငါ​တို့​သည်​အ​ခြား​သူ​အ​မြောက်​အ​မြား ကဲ့​သို့​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို အ​ပေါ​စား​ကုန်​ပစ္စည်း​သ​ဖွယ်​ရောင်း ဝယ်​ဖောက်​ကား​မှု​ကို​မ​ပြု​ကြ။ ငါ​တို့​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​များ ဖြစ်​၍ ခ​ရစ်​တော်​၏​အ​စေ​ခံ​များ​အ​နေ ဖြင့်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို​စိတ်​ကြည် လင်​စွာ​ဟော​ပြော​ကြ​၏။

ညီ​အစ်​ကို​တို့၊ ငါ​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက် များ​သည်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် အ​ကယ်​ပင်​အ​ထောက်​အ​ကူ​ပေး​ကြောင်း​သင် တို့​အား​သိ​စေ​လို​၏။-

သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။-

တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။-

အ​ချင်း​ဖိ​လိပ္ပိ​အ​သင်း​တော်​သား​တို့၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ​ထွက်​ခွာ​၍ သ​တင်း​ကောင်း ကို​စ​တင်​ကြေ​ညာ​သော​အ​ခါ​၌ သင်​တို့ အ​သင်း​တော်​တစ်​ပါး​တည်း​က​သာ​လျှင်​ငါ့ အား​ကူ​ညီ​ခဲ့​ကြောင်း၊ အ​မှု​တော်​ဆောင်​လုပ် ငန်း​တွင်​သင်​တို့​က​သာ​လျှင် ငါ​နှင့်​အ​တူ ဖက်​စပ်​အ​ဖြစ်​နှင့်​အ​ရှုံး​အ​မြတ်​ရှိ​လျက် လုပ်​ဆောင်​ခဲ့​ကြ​ကြောင်း​ကို သင်​တို့​ကိုယ် တိုင်​ကောင်း​စွာ​သိ​ကြ​၏။-

ငါ​၏​ရဲ​ဘော်​စစ်​ဖြစ်​သူ၊ သင်​သည်​လည်း ထို အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​မ​စ​ပါ​လော့။ သူ တို့​သည်​သ​တင်း​ကောင်း​ကြေ​ညာ​ရာ​တွင်​ငါ နှင့်​အ​တူ​အ​ထူး​ကြိုး​စား​အား​ထုတ်​လုပ် ဆောင်​သူ​များ​ဖြစ်​ကြ​၏။ ထို​သို့​လုပ်​ဆောင် ခဲ့​သူ​များ​တွင်​က​လေ​မင်​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​အ​သက်​စာ​စောင်​စာ​ရင်း​တွင်​ပါ ရှိ​သူ အ​ခြား​ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ လည်း​ပါ​ဝင်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ