Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 9:9

Common Language Bible

``အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​တွင် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​သည်​ကို​ကိုယ်​တော် မြင်​တော်​မူ​ပါ​၏။ ပင်​လယ်​နီ​တွင်​ထို​သူ​တို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​ကို​ကြား​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​အ​နန္တ တန်​ခိုး​တော်​ဖြင့် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​နှိမ်​နင်း​လိုက်​သည်​ကို​တွေ့​မြင်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​လာ ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​နှင့်​ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​မော​ရှေ​တို့​ကို​ယုံ​ကြည် ကိုး​စား​လာ​ကြ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကို ရှု​မြင်​သိ​မှတ်​တော်​မူ​၏။

သင်​သွား​၍​ဣ​သ​ရေ​လ​အမျိုး​သား​ခေါင်း ဆောင်​တို့​ကို​စု​ရုံး​လျက် သူ​တို့​အား​သင်​တို့ ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘုရား၊ ဣဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင် ရ​၍၊ ထို​ဘု​ရား​က​သင်​တို့​အား​ငါ​သည်​သင် တို့​ထံ​သို့​ကြွ​လာ​လျက်​အီ​ဂျစ်​အ​မျိုး​သား တို့​က​သင်​တို့​အား​ပြု​သော​အ​မှု​ကို​မြင် ရ​ပြီ။-

သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-

အီ​ဂျစ်​ပြည်​ရှိ​ငါ​၏​လူ​စု​တော်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​မြင်​ရ​ပြီ။ သူ​တို့​၏ ညည်း​တွား​မြည်​တမ်း​သံ​ကို​လည်း​ငါ​ကြား ရ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ကယ်​တင်​ရန်​ငါ ဆင်း​သက်​ခဲ့​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို​အီ​ဂျစ် ပြည်​သို့​ငါ​စေ​လွှတ်​မည်' ဟု​မိန့်​တော်​မူ​၏။''

သူ​တို့​အား​ကျွန်​စေ​စား​သော​လူ​မျိုး​အား ငါ ဒဏ်​စီ​ရင်​တော်​မူ​မည်။ ထို​နောက်​သင်​၏​သား မြေး​တို့​သည်​ထို​ပြည်​မှ​လွတ်​မြောက်​ကြ​ပြီး လျှင် ဤ​အ​ရပ်​တွင်​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု ကြ​လတ္တံ့' ဟူ​၍​မိန့်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ