နေဟမိ 9:38Common Language Bibleဤသို့ဖြစ်ပျက်သည့်အမှုအရာအပေါင်းကြောင့် ငါတို့ဣသရေလပြည်သူတို့သည်ကတိဝန်ခံ ချက်ကိုစာဖြင့်ရေး၍ ငါတို့၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်များနှင့်ယဇ်ပုရောဟိတ်များ ကတံဆိပ်ခတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။-
ယခုအကျွန်ုပ်တို့သည်ထိုမိန်းမများနှင့် သားသမီးများကိုစွန့်ကြပါမည်ဟု အကျွန်ုပ် တို့၏ဘုရားသခင်အားကျိန်ဆိုကတိပြု ရကြမည်။ ဘုရားသခင်၏အမိန့်တော်များ ကိုရိုသေလေးစားကြသောအရှင်နှင့် အခြား သူများအကြံပေးသည့်အတိုင်း အကျွန်ုပ် တို့ပြုကြပါမည်။ ဘုရားသခင်၏တရား တော်ပြဋ္ဌာန်းသည့်အတိုင်းပြုပါမည်။-
ပထမဦးစွာလက်မှတ်ရေးထိုးသူမှာ ဟာ ခလိ၏သား၊ ဘုရင်ခံနေဟမိဖြစ်၏။ ထို နောက်ဇိဒကိယလက်မှတ်ရေးထိုးလေ သည်။ စရာယ၊အာဇရိ၊ယေရမိ၊ ပါရှုရ၊အာမရိ၊မာလခိယ၊ ဟတ္ထုတ်၊ရှေဗနိ၊မလ္လုတ် ဟာရိမ်၊မေရမုတ်၊သြဗဒိ၊ ဒံယေလ၊ဂိန္နေသုန်၊ဗာရုတ်၊ မေရှုလံ၊အဘိယ၊မိယာမိန် မာဇိ၊ဗိလဂဲ၊ရှေမာယ၊ အာဇနိ၏သားယောရှု၊ ဟေနဒဒ်သားချင်းစုခေါင်းဆောင်ဗိနွိ၊ ကပ်မျေလ၊ရှေဗနိ၊ဟောဒိယ၊ ကေလိတ၊ပေလာယ၊ဟာနန်၊ မိက္ခာ၊ရေဟုပ်၊ဟာရှဘိ၊ ဇက္ကုရ၊ရှေရဘိ၊ရှေဗနိ၊ ဟောဒိယ၊ဗာနိ၊ဗေနိနု။ ပါရုတ်၊ပါဟတ်မောဘ၊ ဧလံ၊ဇဿု၊ဗာနိ၊ ဗုန္နိ၊အာဇဂဒ်၊ဗေဗဲ၊ အဒေါနိယ၊ဗိဂဝဲ၊အာဒိန်၊ အာတာ၊ဟိဇကိယ၊အဇ္ဇုရ၊ ဟောဒိယ၊ဟရှုံ၊ဗေဇဲ၊ဟာရိပ်၊ အာနသုတ်၊နေဗဲ၊မာဂပျာရှ၊ မေရှုလံ၊ဟေဇိရ၊မေရှဇဗေလ၊ ဇာဒုတ်၊ယာဒွါ၊ပေလတိ၊ဟာနန်၊ အနာယ၊ဟောရှေ၊ဟာနနိ၊ဟာရှုပ်၊ ဟာလောဟက်၊ပိလဟ၊ရှောဗက်၊ရေဟုံ၊ ဟာရှဗန၊မာသေယ၊အဟိယ၊ဟာနန်၊ အာနန်၊မလ္လုတ်၊ဟာရိမ်၊ဗာနာ။
``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။ သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊ မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။