Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 9:28

Common Language Bible

ငြိမ်း​ချမ်း​မှု​ပြန်​လည်​ရ​ရှိ​ကြ​သော​အ​ခါ သူ​တို့​သည်​တစ်​ဖန်​အ​ပြစ်​ကူး​လွန်​ကြ​ပြန်​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​အား​ရန်​သူ​များ​၏​လက်​သို့ တစ်​ဖန်​အပ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​ရ​လျက် မိ​မိ​တို့​အား​ကယ်​တော်​မူ​ရန်​အ​ထံ​တော်​သို့ တောင်း​လျှောက်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​ကြီး​မား​တော်​မူ​သည့်​အ​လျောက် သူ​တို့​အား​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ကယ်​ဆယ်​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ဘိုး​ဘေး​များ အား​ပေး​တော်​မူ​မည့်​ပြည်​တော်​တွင်​နေ​ထိုင်​ရ သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ကြောက်​ရွံ့ ရို​သေ​ကြ​စေ​ရန်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ လျက် သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​၍​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ​အ​ပေါင်း တို့​၏​အ​ကြံ​အ​စည်​များ​ကို​သိ​တော်​မူ​ပါ ၏။ လူ​တိုင်း​ခံ​စား​သင့်​သည့်​အ​ကျိုး​အ​ပြစ် အ​လျောက်​စီ​ရင်​တော်​မူ​ပါ။''

သူ​တို့​သည်​ရန်​သူ​များ​၏​ဖိ​စီး​နှိပ်​စက်​မှု​ကို ခံ​ရ​ကြ​ကာ​လက်​အောက်​ခံ​များ​ဖြစ်​လာ​ရ ကြ​၏။

ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​တို့​၏​လက်​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​မြင့်​မြတ်​၍​ဘုန်း အ​သ​ရေ​တော်​တောက်​ပ​ရာ​ကောင်း​ကင်​ဘုံ​တည်း ဟူ​သော ကိုယ်​တော်​ရှင်​ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် မှ​နေ​၍​ကျွန်​တော်​မျိုး​တို့​အား​ငုံ့​၍​ကြည့်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​တွက်​ကိုယ်​တော်​ရှင် စိုး​ရိမ်​ကြောင့်​ကြ​တော်​မူ​သည်​ကား​အ​ဘယ်​မှာ နည်း။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည်​အ​ဘယ် မှာ​နည်း။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​နှင့်​သ​နား​ကြင် နာ​မှု​သည်​အ​ဘယ်​မှာ​နည်း။ ကျွန်​တော်​မျိုး တို့​အား​လျစ်​လူ​ရှု​တော်​မ​မူ​ပါ​နှင့်။-

သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။-

ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​တို့​အား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​နှိမ်​နင်း​အောင်​မြင် ပြီး​နောက် တိုင်း​ပြည်​တွင်​နှစ်​ပေါင်း​ရှစ်​ဆယ် တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။

ဧ​ဟု​ဒ​သေ​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။-

အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​၏​ရန်​သူ အ​ပေါင်း​တို့​သည် ဤ​နည်း​အ​တိုင်း​ပင်​ဆုံး​ရှုံး​ပျက်​စီး​ကြ​ပါ စေ​သော။ သို့​ရာ​တွင်​ကိုယ်​တော်​၏​မိတ်​ဆွေ​များ​မှာ​မူ​ကား တက်​သစ်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ ကြ​ပါ​စေ​သော။ ထို​နောက်​ခါ​နာန်​ပြည်​တွင်​အ​နှစ်​လေး​ဆယ် တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ