နေဟမိ 9:25Common Language Bibleကိုယ်တော်၏လူမျိုးတော်သည်ခံတပ်မြို့များ၊ မြေသြဇာကောင်းသည့်ပြည်၊ ဘဏ္ဍာအမျိုးမျိုးနှင့်ပြည့်ဝသည့်အိမ်များ အဆင်သင့်တူးထားပြီး ရေတွင်းများသံလွင်ပင်များသစ်သီးပင်များနှင့် စပျစ်ဥယျာဉ်များကိုသိမ်းယူကြရပါ၏။ သူတို့သည်စိတ်ရှိသမျှစားသောက်ကာ ဝဖြိုးလာကြပါ၏။ ကိုယ်တော်ပေးတော်မူသောကောင်းမြတ်သည့် အရာတို့ကိုခံစားကြရပါ၏။ အခန်းကိုကြည့်ပါ။ |
ရှစ်ရက်မြောက်သောနေ့၌မင်းကြီးသည်လူတို့ အား မိမိတို့ရပ်ရွာများသို့ပြန်စေတော်မူ၏။ ထိုသူအပေါင်းတို့သည်လည်းမင်းကြီးအား ထောမနာပြုကြပြီးလျှင် ထာဝရဘုရား ၏လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ကိုယ်တော်၏အစေခံဒါဝိဒ်ခံယူရရှိသည့် ကျေးဇူးတော်ကြောင့်ရွှင်လန်းဝမ်းမြောက်စွာ မိမိတို့ရပ်ရွာများသို့ပြန်သွားကြ၏။
အကျွန်ုပ်တို့၏ဘုရင်များသည် ကိုယ်တော်ပေးအပ်တော်မူသောကျယ်ပြန့် စိုပြေသည့် ပြည်တော်တွင်နေထိုင်ရစဉ်အခါ၌ ကိုယ်တော်၏ကောင်းချီးခံစားရသည်နှင့်အညီ ကိုယ်တော်၏လူမျိုးတော်အားအုပ်စိုးကြရပါ၏။ သို့ရာတွင်သူတို့သည်အပြစ်ဒုစရိုက်ကို မကြဉ်မရှောင်၊ ကိုယ်တော်၏အမှုတော်ကိုလည်း မဆောင်ရွက်ကြ။
ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။
သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။
သူသည်ပေါကြွယ်ဝသောပြည်နယ်တစ်ခုကို အမှတ်မထင်ချင်းနင်းဝင်ရောက်၍ မိမိ၏ဘိုး ဘေးတို့မပြုခဲ့ဘူးသည့်အမှုတို့ကိုပြုလိမ့် မည်။ ထိုနောက်စစ်ပွဲတွင်သိမ်းဆည်းရရှိသည့် ဥစ္စာပစ္စည်းများကို မိမိ၏နောက်လိုက်များနှင့် ခွဲဝေယူလိမ့်မည်။ သူသည်ခံတပ်မြို့များကို တိုက်ခိုက်ရန်အကြံအစည်များပြုလိမ့်မည်။ သို့ ရာတွင်သူ၏ခေတ်သည်မကြာမီကုန်ဆုံးသွား လိမ့်မည်။
သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။
သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-