နေဟမိ 9:11Common Language Bibleကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အတွက် ပင်လယ်ကိုဖြတ်၍လမ်းဖောက်ပြီးလျှင် သူတို့အားခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ သွားစေတော်မူပါ၏။ သူတို့အားလိုက်လံဖမ်းဆီးကြသူတို့ကိုမူ ပင်လယ်ရေလှိုင်းတွင် ကျောက်ခဲနစ်သကဲ့သို့ရေထဲ၌နစ်စေတော် မူပါ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သူတို့၏ရထားဘီး များကိုကျွတ်ထွက်စေတော်မူသဖြင့် သူတို့ ၏ရထားများကိုအသွားရခက်စေတော် မူ၏။ ထို့ကြောင့်အီဂျစ်အမျိုးသားတို့က``ထာ ဝရဘုရားသည်ဣသရေလအမျိုးသား တို့ဘက်မှနေ၍ ကျွန်ုပ်တို့ကိုတိုက်ခိုက်လျက် ရှိတော်မူ၏။ ထွက်ပြေးကြစို့'' ဟုဆိုကြ၏။
အီဂျစ်ပြည်တွင်ကိုယ်တော်ရှင်သည်အံ့သြ ဖွယ်ရာများနှင့် ထူးဆန်းသည့်နိမိတ်လက္ခ ဏာများကိုပြတော်မူပါ၏။ ယနေ့တိုင် အောင်ပင်ထိုအမှုအရာများကိုဣသ ရေလအမျိုးသားတို့တွင်လည်းကောင်း၊ လူမျိုးတကာတို့တွင်လည်းကောင်းဆက် လက်၍ပြတော်မူလျက်ရှိသဖြင့် ကိုယ် တော်ရှင်၏သတင်းတော်သည်အရပ်ရပ် သို့ပျံ့နှံ့၍ရှိပါ၏။-