Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 8:15

Common Language Bible

သို့​ဖြစ်​၍​သူ​တို့​က``ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ ပါ​ရှိ​သည့် ညွှန်​ကြား​ချက်​များ​အ​တိုင်း​တောင် များ​သို့​သွား​၍​သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ တု​ခက်၊ စွန်​ပ​လွံ​ခက်​နှင့်​အ​ခြား​သစ်​ခက် များ​ကို​ခုတ်​ယူ​၍​တဲ​ထိုး​ကြ​ရ​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​ခြား​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို​ညွှန်​ကြား​ချက်​ပေး​ပို့​ကြ လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ည​နေ​ချမ်း​အ​ချိန်​တွင်​ချိုး​ငှက်​သည်​နှုတ်​သီး​ဖြင့် သံ​လွင်​ရွက်​စိမ်း​ကို​ကိုက်​ချီ​လျက်​နော​ဧ​ထံ​သို့ ပြန်​လာ​၏။ ထို့​ကြောင့်​ရေ​ကျ​ပြီ​ဖြစ်​ကြောင်း နော​ဧ​သိ​ရှိ​ရ​လေ​၏။-

အောက်​ဖော်​ပြ​ပါ​ပွဲ​တော်​များ​ကို​သတ်​မှတ် သော​အ​ချိန်​အ​ခါ​များ​တွင်​ကျင်း​ပ​ရ​မည် ဖြစ်​ကြောင်း​ကြေ​ညာ​လော့။

ထို​နေ့​၌​အ​ကောင်း​ဆုံး​သစ်​သီး​များ၊ စွန် ပ​လွံ​ခက်​များ၊ အ​ရွက်​ဝေ​ဆာ​သော​အ​ကိုင်း အ​ခက်​များ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သော​ပွဲ​တော် ကို​စ​တင်​ကျင်း​ပ​လော့။-

ငါ​သည်​မြင်း​နီ​ကို​စီး​လျက်​နေ​သူ​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​မြင် ရ​၏။ သူ​သည်​ချိုင့်​ဝှမ်း​ထဲ​တွင်​ရှိ​သော​ကျောက် ပန်း​ပင်​များ​အ​လယ်​တွင်​ရပ်​တန့်​လျက်​နေ​၏။ သူ​၏​နောက်​၌​မူ​မြင်း​နီ၊ မြင်း​ပြောက်​ကြား၊ မြင်း​ဖြူ​စ​သည့်​အ​ခြား​မြင်း​များ​ရှိ​၏။-

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ချဉ်း​ကပ်​လာ​သ​ဖြင့် သံ​လွင်​တောင်​အ​နီး ရှိ​ဗက်​ဖာ​ဂေ​ရွာ​သို့​ရောက်​ကြ​၏။ သ​ခင်​ယေ​ရှု သည်​တ​ပည့်​တော်​နှစ်​ယောက်​အား၊-

စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​ကာ​ထွက်​သွား ပြီး​လျှင် ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ကြွ လာ​သော​အရှင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဣ​သ​ရေ​လ​ဘု​ရင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ သ​တည်း'' ဟု​ကြွေး​ကြော်​လျက်​ကိုယ်​တော်​အား ကြို​ဆို​ကြ​၏။

``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''

ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ အ​ဘယ် သူ​မျှ​မ​ရေ​မ​တွက်​နိုင်​သော​လူ​အုပ်​ကြီး ကို​တွေ့​ရ​၏။ သူ​တို့​သည်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော လူ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​မှ​လာ​ရောက်​ကြ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ဝတ်​လုံ​ဖြူ​များ​ကို​ဝတ် လျက်​စွန်​ပ​လွန်​ခက်​များ​ကို​ကိုင်​ကာ ပလ္လင် တော်​နှင့်​သိုး​သူ​ငယ်​တော်​၏​ရှေ့​တွင်​ရပ် လျက်​နေ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ